Part-36🌸

1.4K 131 28
                                    

Unicode;;;;

ရှမ်းပြည်နယ်၏ ခပ်အေးအေး ရာသီဥတုကြောင့် ဂွမ်းစောင်လေးထဲ ခပ်ကွေးကွေးလေ နေနေမိသည်။ မန်း‌‌လေးဆောင်းအသည်းခိုက်အောင် အေးသပဆိုသည်မှာ ရှမ်းပြည်နယ်ကို မှီလိမ့်မည်မဟုတ် ။ မနေ့က အရက်ရှိန်ကြောင့် ခေါင်းသည်လည်း အနည်းငယ် ယစ်မူးနေလျက်ရှိသည်။

စိုင်းနှင့် နှစ်ယောက်အတူ အိပ်ရန် ခင်းကျင်းပေးထားသော်လည်း ဘေးဘီ၀ဲယာကို စမ်းကြည့်ရာ စိုင်းတစ်ယောက်ရှိမနေတော့။
မဟုတ်မှလွှဲရော မနေ့ညက လာမအိပ်ခဲ့တာလား။

အိပ်ယာပေါ် ထထိုင်ကာ အနည်းငယ် မူးနောက်‌ နေသည်ကိုသက်သာစေရန် မျက်ရိုးများကို လက်မနှင့်လက်ညိုးသုံးကာ ခပ်နာနာလေး ဖိနှိပ်နေမိသည်။ ထို့နောက် မနေ့က ဖြစ်ပျက်ခဲ့သည် ဝိုးတိုးဝါးတား မှဏ်ဉာဏ်ကို တဖြေးဖြေး ပြန်လည်ပုံဖော်ကြည့်မိသည်။

"အာဘွား....ပေးပါလို့နော်....နော်....."

"....."

"ပြွတ်....."

"ဟီးဟီး....ပျော်စရာကြီး...ဒီဖက်ကိုလည်းနမ်းပါအုန်းလား...စိုင်းရယ်နော်...."

ညာဖက်ပါးကို တစ်ချက်နမ်းလိုက်သော စိုင်းကို ဘယ်ဖက်ပါးပြင်ကိုပါ စိတ်လိုလက်ရပေးအပ်ခဲ့သည်။ ဆရာတစ်ယောက် ဘယ်ချိန်ကတည်းက အနမ်းခံချင်နေမှန်း တွေး၍ပင်မရ။

"ဆရာ....မကောင်းဘူးလေ...ကျနော်က ဆရာမူးနေတဲ့ချိန်အသားယူတယ် ဖြစ်နေအုန်းမယ်...."

"စိုင်းကလည်း ကိုကိုလို့ခေါ်ဆိုလည်းမခေါ်ဝူး...ခုနောက်တစ်ခါလေးနမ်းခိုင်းတာကို မနမ်းဘူး...စိုင်းမနမ်းရင် ကိုနမ်းမှာနော်...."

ခေါင်းလေးကိုပု၀င်ကာဖြင့် နှုတ်ခမ်းလေးပါ တပြွတ်ပြွတ်လုပ်ပြနေသော ဆရာသည် ဥပုသ်စောင့်နေတဲ့ကျားကို စမ်းသပ်နေသည်။

စိုင်းလည်း မသက်သာသည့်အဆုံး ထပ်တစ်ခါ ပြွတ်ကနဲ နမ်းလိုက်သည်။ ရေချိန်ကိုက်နေတဲ့ ဆရာတော့ အပျော်ကြီးပျော်ကာ စိုင်းရင်ခွင်ထဲ ၀င်တိုးလေသည်။

ရင်ခွင်ထဲမှ ခေါင်းမော့ကြည့်လာကာ နဖူးလေးကိုပါ နမ်းပါအုန်းလို့ ပြောလာပြန်ရော။ မခက်ပေဘူးလား ဆရာလုပ်ပုံကြီးက။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteDonde viven las historias. Descúbrelo ahora