Part-24🌸

1.5K 134 10
                                    

Unicode;;;

အိမ်သို့ရောက်သော် မနက်ဖြန်ရောက်လာမည့် သစ်လွင်အတွက် နေရာထိုင်ခင်းကြိုပြင်ပေးထားရတော့သည်။ လူထက်အထုတ်အရင်ရောက်လာသောကြောင့် အထုတ်များကိုလည်း နေရာတကျဖြစ်အောင် ထားပေးရသေးသည်။

သစ်လွင်ထူးသော်ခေါ် ညီငယ်လေးသည် အမေနဲ့မတူဘဲ အဖေနှင့်တူသောကြောင့် ညိုစိုစိုအသားအရေ ၊ မျက်ခုံးမျက်လုံးလည်း ကောင်းလှသည်။ အငယ်ဆုံးဖြစ်သူမို့ တစ်ခါတစ်လေ ဂျီကျပြီး ကလေးဆိုးဆိုးတတ်သေးသည်။ ရီရီမောမော ပျော်ပျော်ရွှင်ရွှင်နေတတ်သော သစ်လွင်ကြောင့် ဘယ်ဖက်တွင်ရှိသော ပါးချိုင့်သည်လည်း အနားမနေ အမြဲခွက်၀င်နေသည်။ ပျော်ပျော်နေတတ်ပေမဲ့ ပျက်စီးနေခြင်းမဟုတ်။ အဓိကနှင့် သာမညလည်း အရွယ်နဲ့ မလိုက်ခွဲခြားသိသေးသည်။

"ဆရာ မအိပ်သေးဘူးလား"

အခန်းပြင်ပမှလာသော စိုင်း၏အသံပင်။ ခေါင်းရင်းတွင် ထွန်းညှိထားသော မီးခွက်ကို ကိုင်ကာ ကုတင်ပေါ်မှ ဆင်းပြီး အခန်းပြင်သို့ ထွက်လာလိုက်သည်။

"အင်း စိုင်း"

"ဆရာ့ လက်နှိပ်ဓာတ်မီး ပြင်ပြီးပြီ ၊အဲ့တာလာပေးတာ"

"ကျေးဇူး စိုင်း"

လက်ထဲသို့ ထိုးပေးလာသော လက်နှိပ်ဓာတ်မီး အဖြူလေး၏ ခလုတ်ကို ဖွင့်ကာ ပိတ်ကာဖြင့် မီးလင်းမလင်းစမ်းကြည့်လိုက်သည်။

"ဆရာ ဒီနေ့ ကြယ်တွေ တအားများတယ်။ ဆရာမအိပ်ချင်သေးရင် ကျနော်တို့ တံတားနားမှာသွားထိုင်ပြီး ကြယ်ကြည့်ကြမလား"

လက်ထဲက ဓာတ်မီးကို စိတ်၀င်တစားကြည့်နေသော ဆရာကို အပြင်သို့ လမ်းလျှောက်ထွက်ရင်း ကြယ်ကြည့်ရန် မဲဆွယ်တော့သည်။ လက်နှိပ်ဓာတ်မီးကို ဆုပ်ကိုင်ရင်း တစ်ချက်စဉ်းစားကာ ခေါင်းငြိမ့်ပြလာတော့သည်။

"ဆရာ အင်္ကျီလက်ရှည်တစ်ထည်၀တ်လိုက်ပါလား။ ချောင်းနားမှာဆိုတော့ လေအေး‌တွေ တအားတိုက်တာ"

အင်္ကျီထပ်သည့် ပုံစံလုပ်ပြပြီး သွားတန်းလေးစိပြလာသော စိုင်းကြောင့် ၀င်းကနဲပြုံးကာ အခန်းထဲ၀င်၍ တွေ့ရာအင်္ကျီကို ကောက်ဆွဲလာတော့သည်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now