Part-32🌸

1.3K 133 24
                                    

Unicode;;;;

တစ်ရာသီပြောင်းတစ်ရာသီကူးရင်း ဟေမာန်ဆောင်းရာသီ အစသို့ ရောက်ရှိလေပြီ။ မုတ်သုံလေးက တဖြည်းဖြည်း နောက်ဆုတ်သွားချိန် မြောက်ပြန်လေညှင်းလေးက တသုန်သုန် တပ်ချီတိုက်ခတ်လာချေပြီလေ။ ရန်ကုန်မှာတိုလျှင်ဖြင့် ခုချိန်ဘယ်အေးအုန်းမလဲ။ ရှမ်းပြည်ကတော့ မိုးလည်းစောသလို အအေးလည်း စောသည်။

မြူနှင်းများ ဖုံးလွှမ်းကာဖြင့် ကျက်သရေခညောင်းနေ သော ဆောင်းနံနက်ခင်း။ နတ်ဆေးမမှီသဘာ၀ပန်းချီကို သက်၀င်ခံစားရန် စိုင်းနှင့် အတူ တောင်တန်းများဆီ မနက်စောစောလမ်းလျှောက်ထွက်လာမိသည်။ သစ်လွင်ကိုလည်း အဖော်ညှိပါသေးတယ် ကိုယ်တော်ကြီးက စက်တော်ခေါ်ဖို့ဘဲ ဦီးစားပေးနေတဲ့သူလေ။

"ဆောင်းစ စ၀င်ချင်းတောင် ဒီလောက်သာယာပြီး လှနေတာ။ အိမ်ပြန်ရက်တွေကျ လွမ်းနေရလောက်တယ် စိုင်းရယ်"

မှိုင်းညို့နေသော တောင်တန်းစိမ်းကြီးများကို ငေးကာ မျှော်ကာဖြင့် ခပ်မြေ့မြေ့လေး ပြောလိုက်မိသည်။
နေ့တာတို၍ ညတာရှည်တဲ့ ဆောင်းရာသီလေးမို့ ရောင်နီလာချိန် နောက်ကျနေတတ်သည်။ ထို့ကြောင့် ကုန်းမြင့်လေးပေါ် လင်းအရုဏ်ကို ခံစားရန် တအိအိတက်လာမိသည်။

"ဆရာနှင်းတွေကျနေတယ် ဦးထုတ်လေးဆောင်းထားမှပေါ့"

သိုးမွှေး ဦးထုတ်ကို ဆွဲဆောင်းပေးကာဖြင့် ပြောလာသော စိုင်းသည် hoodie အနက်လေးနှင့် ဂျင်းပြာကို လိုက်ဖတ်စွာ၀တ်ဆင်ထားသည်။ ကျနော်ကတော့ ဂျင်းနက်နဲ့ သိုးမွှေးအင်္ကျီကိုသာ ပေါ့ပါးစွာ ၀တ်ထားသည်။

"စိုင်း....စိုင်း ဟိုမှာကြည့် တအားလှတာဘဲ"

တောင်တန်းကြားမှ တိုးကာနှိုးထလာသော နေ၀န်းနီ၏ အလင်းရောင်များသည် ထူအုပ်နေသော မြူနှင်းကြောင့် မှိန်ပြပြလေး ဖြစ်နေ၏။  ထိုလှပသည့် ရှူခင်းကိုရိုက်ယူထားရန် အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်မိသည်။

"စိုင်း ကိုယ်တို့ ဓာတ်ပုံရိုက်ကြမလား...."

"ကျနော်နဲ့လား..."

"မဟုတ်ဘူး နင့်အမေနဲ့....."

သွားစိက အရွဲ့တိုက်ပြောလိုက်သော စကားကြောင့် စိုင်းသည် မျက်ခုံးများပင် ပင့်တက်သွားလေသည်။ တကယ် သူ့အမေနှင့် ရိုက်လိုလျှင် ပြေးကာ ခေါ်ပေးမည့် ရှမ်းကလေးပင်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now