Part-27🌸

1.5K 121 13
                                    

Unicode;;;;

"ကိုကို....."

ဆိုင်ကယ်ပေါ်မှ လွှားကနဲ ခုန်ဆင်းကာဖြင့် အလှလေးများခြံရံထားသော ကိုကို့ဆီသို့ ပြေးသွားလိုက်သည်။

"သစ်လွင်...."

ကျနော့အနီးသို့ ၀င်ထိုင်ကာဖြင့် တင်းကျပ်စွာလာရောက်ဖက်တွယ်သည်။ အသားအရေ ညိုသောဖက်သို့အနည်းငယ်ရောက်သော သစ်လွင်သည် ဘယ်ဖက်ပါးပြင်မှ ပါးချိုင့်လေး ခွက်သည့်အထိ ရီရင်းမောရင်း ပြောလာတော့သည်။

"ကိုကို..ကိုယ်ပူနေတယ်နော် ၊ နေမကောင်းဘူးလား...."

"အင်း နည်းနည်း.."

"ဂရုစိုက်မှပေါ့ လူကချူချူချာချာနဲ့"

"အေးပါ.....အဖေရေ ၊ဒါနဲ့ဖေတို့မေတို့ နေကောင်းကြရဲ့လား"

"ကောင်းတာမှ ဒေါင်ဒေါင်မြည်ဘဲ ဟီး...."

အငယ်ဆုံးလေးလည်းဖြစ်သောကြောင့် ကလေးဆိုး ဆိုးတတ်တဲ့အကျင့်လေးတော့ မပျောက်သေးပေ။

စားပွဲပေါ်တွေ အစီအရီရှိနေသော ဟင်းခွက်များ၏ အနံ့ကြောင့် သစ်လွင်တစ်ယောက် အရောင်လဲ့သော မျက်လုံးများဖြင့် လှမ်းကြည့်လေ၏။ ငါးချက်ပန်းကန်အရောက်မျက်လုံးများတန့်ကာ ‌‌ဗိုက်ဆာပြီ ဟူသော အထာဖြင့် ကျနော့အားလှည့်ကြည့်လာတော့သည်။ ငါးဆိုလျှင် ဘယ်လိုချက်ချက်ကိုကြိုက်တဲ့ သစ်လွင်တစ်ယောက် စားရကံကြုံတော့ မုတ်ဆိတ်ပျားဆွဲပြီပေါ့။

"ကိုကို...ကျနော်ဗိုက်ဆာနေပြီ ။ ဟင်းတွေကလည်း ရှယ်ဘဲ အနံ့လေးကအစ မွှေးနေတာဘဲဗျာ"

ရေအိုးစင်‌တွင် ရေခပ်သောက်ပြီး စားပွဲဝိုင်းသို့ လာသော ကိုပိုင်သည် ထမင်းအိုးကိုပါ တစ်ခါထဲမလာသည်။

"မင်းညီကတော့ မင်းနဲ့ကိုမတူဘူး ဟေစွမ်းရေ ၊ စကားလည်း များတာ ငါ့နားတောင်ကားတော့မယ်...."

ထမင်းများကို ခူးခပ်ပေးကာဖြင့် ညီးတွားလာသော ကိုပိုင်ကို သူ့မူပိုင် ပါးချိုင့်လေးဖြင့် အချိုကျွေးနေသေးသည်။ မြတစ်ယောက်တော့ ထမင်းအိုးကိုတစ်လှည့်၊ စိုင်းကိုတစ်လှည့် မျက်စောင်းခဲနေပြန်သည်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now