Part-16🌸

1.7K 150 9
                                    

Unicode;;;;

သတင်းအမှောင်ချပြီးနှိပ်စက်ခံခဲ့ရ‌သော
တိုင်းရင်းသားတို့၏နာကျည်းမှုသည်အတိုင်းထက်အလွန်ပင်။ လွင့်နေသောစိတ်များကိုမစုစည်းနိုင်ခင်၌ ပကြာအသံကြောင့် သတိပြန်ကပ်လာ၏။

"ဆရာလေး ထည့်စားလေ၊ဘာလို့လည်းဟင်းမကောင်းလို့လား"

"မဟုတ်ပါဘူး ပကြာ"

"ဟဲ့ အိုက်ဟန် ဆရာ့ကိုဟင်းထည့်ပေးလိုက်လေ၊နင်ကအလိုက်ကိုမသိဘူး"

ကျနော့ဘေးတွင်ထိုင်နေသော စိုင်းအားလှမ်းဟန့်နေသည့်ထိုအမျိုးသမီး၊ ကျည်မိုးများကြားပြေးလွှားနေခဲ့ရသောသူ(မ)ကို ဂရုဏာမကင်းဖြစ်ရသည်။ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော စိုင်းအဖေ၏နာကျင်မှုသည်လည်းပြင်ပထက်အတွင်းဒဏ်ရာကပိုနက်ခဲ့လိမ့်မည်။ အတန်ကြာအောင်ငိုပြီးနောက် နီရဲနေသောမျက်လုံးများဖြင့် စူးရဲစွာကြည့်ရင်း ပြောလာသောစိုင်း။

"တိုက်ပွဲတွေကမပြီးနိုင်ပါဘူးဆရာရယ် ကျနော့အဖေရဲ့ခြေတစ်ဖက်နဲ့ ကျနော့ညီအသက်တောင်ပါသွားခဲ့တယ်လေ"
ပြန်ကြားယောင်လာသောသူ့၏စကားသံများကြောင့် မိုက်ကနဲ တစ်ချက်ဖြစ်မိသည်။

ယခု သူတစ်ပါး အားကိုးဖြင့်လမ်းလျှောက်နေသူသည်တစ်ချိန်က တစ်မိသားစုလုံး၏အရိပ်အာဝါသပင်။ ပေါာတာဆွဲရာလိုက်သွားပြီးပေးဆပ်လိုက်ရသည့်ခြေတစ်ဖက်သည်။သာမန်လူအမြင် ‌ခြေတစ်ဖက်သာဖြစ်လိမ့်မည်ပင် သို့သော် မိသားစုအတွက်‌တော့ အားထားရာကိုဆုံးရှူံးလိုက်ရခြင်း။

ထိုနေ့မှစ အသိပညာဗဟုသုတမရှိပါကပေးတာယူ၊ ကျွေးတာစားဘ၀ကို နိဗ္ဗာန်ဘုံဟုထင်မှားနေမည်ဖြစ်၍ အပတ်တကုတ်ကြိုးစားခဲ့သောထိုကောင်လေးသည် ယခုလိုလေလွင့်နေသည့်အကြောင်းက ချစ်လှစွာသောညီလေးကြွေရခြင်းကို မိမိအပြစ်တစ်ခုလို့တွေးနေခဲ့သောကြောင့်ပေ။

"ကျနော်တာ ‌မြို့မှာ ၁၀တန်းသွားမတတ်ဘဲ ရွာမှာနေခဲ့ရင် ကျနော့ညီ အသက်ပါစရာအကြောင်းကိုမရှိတာ၊အကိုဖြစ်တဲ့ကျနော်ကရှောင်သွားသလိုဖြစ်လို့ ကျနော့ညီသေရတာ ရွှတ်"

ထွက်လာသောမျက်ရည်နှင့်နှပ်ကို လက်ဖြင့်ခပ်ကြမ်းကြမ်းသုတ်ရင်းငို‌နေသောသူ့ပုံရိပ်သည် ကျနော့ရင်၀ကိုစောင့်ကန်သည့်အတိုင်းပင်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now