Part-29🌸

1.4K 132 6
                                    

Unicode;;;;;

၀ရုန်းသုန်းကားဖြစ်နေတဲ့ ၈တန်းအခန်းထဲ ပြေး၀င်သွားကြသည်။ ‌‌ ကျောင်းခန်း၏ ထောင့်အကျဆုံးနေရာတစ်နေရာ၌ ကျောင်းသူတစ်ယောက်မှာ ခဲချွန်ဓားဖြင့် အရိုင်းဆန်သောအကြည့်များနှင့် လည်မျိုကိုထောက်လျက်ရှိနေသည်။

"သမီး....ဘာပြဿနာရှိလဲ ဆရာမကိုပြောပြလို့ရတယ် ။သမီး....အဲ့ဓားကိုချလိုက်ပါကွယ်...."

၈တန်းရဲ့အတန်းပိုင်ဆရာမဖြစ်သူ မကျော့မှာ ငိုသံပင်ထွက်ကျမတတ်ဖြစ်နေရသည်။ ကျန်သူများသည်လည်း ရင်ထဲတွင် မောဟိုက်လိုက်ဖိုနေရသည်။

"ဆရာဟေစွမ်းရယ်....လုပ်ပါအုန်း....."

လက်မောင်းကိုဆွဲလုပ်ပြီး မျက်၀န်းအိမ့်မှ ‌အမတစ်ဦး အကူအညီတောင်းသော အကြည့်များနှင့်တူစွာ ကြည့်၍ အားကိုးလာသည်။ အရှေ့သို့ ဖြည်းဖြည်းဆီတိုးသွားလိုက်ရာ
ကျောင်းသူလေးသည် ဓားကို ဝေ့ရမ်းလေတော့သည်။

တဆက်ဆက်တုန်နေသော လက်ဖြင့် ကိုင်ထားသောဓားသည်လည်း နေရောင်ကြောင့် လက်ကနဲ လင်းကနဲဖြစ်နေ၏။ အသံလည်းတုန်နေပြီး ဂျောင်ပိတ်ရိုက်တဲ့‌ခွေးကကိုက်တယ် ဆိုသလို ကြံရာမရသည်အဆုံး ဓားနှင့် ရှေ့သို့ တုံ့ပြန်ရန်ပြုလာသည်။

"ရှေ့ဆက်မတိုးလာနဲ့နော်"

ကျနော်သည်လည်း နောက်မဆုတ်ဘဲ တစ်လှမ်းချင်းဆီ တိုးနေခိုက် စိုင်းသည် ရုတ်တရက်၀င်ပြီး ဓားကိုင်ထားသည်ကိုဆွဲလိုက်ရာ ဝှေ့လိုက်သော ဓားချက်သည် စိုင်း၏ လက်မောင်းကို ပါးပါးလေးရှသွားသည်။

"စိုင်းးးလက်မောင်းက......"

"သမီးရယ်......"

မကျော့သည် အပြေးသွားကာ တုန်ယင်ကြောက်ရွံနေသူကို ရင်ခွင်ထဲသွင်းလိုက်တော့သည်။ ရုန်းရင်းဖြင့် ငိုယိုဟစ်အော်နေသော ကလေးမလေးကို ဂရုဏာမကင်းနဖူးကိုတစ်ချက်နမ်းလိုက်ရာ အားနည်နေသောကြောင့် မေ့မျှောသွား၏။

"သူ့ကို ကျေးလက်ဆေးပေးခန်းဆီ ခေါ်သွားလိုက်ကြရအောင်....."

ခြူးစကားကြောင့် ကိုပိုင်မှ မကျော့ ရင်ခွင်ထဲ ကကျောင်းသူကို ပွေ့ချီပြီး ထွက်သွား၏။ ကိုပိုင်နောက်မကျော့သည်လည်း အပြေးလေးလိုက်လေသည်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now