Part-35🌸

1.4K 139 31
                                    

Unicode;;;;;

မြူနှင်းများက သစ်ရွက်များပေါ် ပုလဲနှယ် တွဲလဲခိုနေကြသည်။ နေရောင်ခြည် နွေးနွေးလေးတွေက ဆောင်းအအေးဒဏ်ကို သက်သာစေသည်။ တောင်အုပ်နှင့် တောင်တန်းများလည်း နှင်းရည်သောက်ကာ အလှကြီးလှနေ၏။ စိမ်းစိုစို မှိုင်းညိုညို အလှကို တစ်၀ကြီး ခံစားပြီး ရုံးခန်းထဲသို့ လှမ်း၀င်သွားလိုက်သည်။

စိုင်းတစ်ယောက်တော့ ထုထောင်းခံထားရတဲ့ အရှိန်ကြောင့် အဖျားငွေ့ငွေ့လေး ၀င်နေသည်။ နားခန်းထဲက စာရေးခုံပေါ် ခေါင်းတင်မှေးစက်နေသော စိုင်းကို ကြင်နာစွာ စိုက်ကြည့်နေမိသည်။ စိုင်းခေါင်းတွင် ပတ်တီးက အဖွေးသား။

မြင်လွှာချထားသော စိုင်း၏ မျက်ခွံ‌တွင် ရှည်လျားမဲနက်တဲ့ မျက်တောင်မွှေးများက အစီအရီ အလှစီထားကြသည်။  ရှမ်းသွေးပါ၍ လား အဖျားကြောင့်ပင်လား စိုင်း၏ ပါးပြင်သည် ရဲရဲလေးမို့တက်နေသေးသည်။

"အော်....ယိုသူမရှက်မြင်သူရှက်သဗျို့...."

အခန်း၀တွင် ရပ်ကာဖြင့် အံ့ရှိန်တစ်ယောက် ခေါင်းခါရင်း ပြောလာလေသည်။

"ခင်ဗျား...ဘာစကားပြောတာလဲ...."

စူးရဲစွာ စိုက်ကြည့်လိုက်သော ကျနော့အမေးကို ဂရုမစိုက်စွာ ဖြင့်

"မင်းကြားသလိုဘဲ..." ဟု ပြောလာလေသည်။ အံ့ရှိန်ထက်မှအရက်နံ့သည်လည်း ထောင်းကနဲပင်။

"အင့်....."

ဆူဆူညံညံအသံများကြောင့် စိုင်းသည် နှိုးလာတော့သည်။ အိပ်ချင်မပြယ်သေးသော မျက်လုံးများကို ဖိပွတ်ရင်း မှုန်ကုပ်ကုပ်နှင့်ကြည့်လာတော့သည်။

"ဘာဖြစ်ကြတာလဲ...ဆရာ....."

"ဘာမှ မဖြစ်ပါဘူး...စိုင်း...."

အံ့ရှိန်ကတော့ မထီမဲ့မြင် ကြည့်ကာ နှုတ်ခမ်းများမဲ့ရွဲ့နေလေ၏။

"ကိုအံ့ရှိန် ပါးစပ်က  ဘာဖြစ်တာလဲ
အကြောဆွဲနေတာလား "

လက်များကိုဆန့်ကာ ထထလာခြင်း ပစ်သွင်းလိုက်သော စိုင်းစကားကြောင့် အံ့ရှိန်သည် မနေသာဘဲ ပြောရန် ပြင်နေစဉ် မြနှင့်ခြူးတို့လည်း စကားပြောကာ ၀င်လာလေသည်။
အံ့ရှိန်၏ မျက်နှာအရိပ်အကဲကို ကြည့်ကာ မြသည်  အခြေအနေကို သဘောပေါက်သွားလေသည်။

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now