Part-5🌸

2.8K 303 7
                                    

Unicode;;
       
         ဖုန်တထောင်းထောင်းထ‌နေသော လမ်းအတိုင်း မောင်းနှင်လာရာ ဟိုပန်ရွာကို ရောက်ရှိလာသည်။

ရွာတွင်း၌ အိမ်များသည်လည်း ကပ်လျက်တည်ဆောက်ထားသော အိမ်များရှိသကဲ့သို့ အကွာအဝေး တူညီစွာတည်ဆောက်ထားသော အိမ်များလည်းတွေ့ရသေးသည်။ များသောအားဖြင့် ဝါးနှင့်တည်ဆောက်ထားပြီး အနည်းငယ်သာ သစ်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်၏။

"ဆရာ ရောက်ပြီ။ဒါကဆရာ နေရမဲ့အိမ်ဘဲ"
 
ဆိုင်ကယ်ကိုရပ်ကာ နောက်လှည့်ပြောလာသော စိုင်းညွှန်ပြရာ ကြည့်လိုက်မိသည်။ အိမ်မှာခြေတံရှည်အိမ်ပင်။

အောက်ထပ်တွင်မီးဖိုခန်းဟုထင်ရသော အခန်းတစ်ခု၊ စားပွဲမြင့်တစ်လုံး နှင့် လက်တန်းပါခုံတန်းရှည်(၂)ခုံ စသည်တို့မှာ ထမင်းစားရန်သော်လည်းကောင်း ၊ ဝိုင်းဖွဲ့စကားပြောရန်သော်လည်းကောင်း အဆင်ပြေမည်ဖြစ်၏။ အိမ်နှင့်မနီးမဝေး အရိပ်ကောင်းသော သပြေပင် အောက်တွင်ကွပ်ပျစ်ကြီးတစ်ခု။

"ပြန်ရောက်ပြီလား စိုင်းဟန်၊ မင်းကလည်းကြာလိုက်တာ ငါကတစ်ခုခုများဖြစ်နေပြီလားလို့ စိတ်ပူနေတာ"

"ကျနော်က ဖြည်းဖြည်းဘဲ မောင်းလာလို့ပါ ဆရာပိုင်ရယ်"
  
နေကြာပန်းခင်း၌ လေညှင်းခံပြီးနောက် တအိအိမောင်းနှင်လာခြင်းကြောင့် ရွာကိုရောက်ချိန်သည် နေမင်းကြီးပင် အနောက်မိုးကုတ်စက်ဝိုင်းတွင် မှေးတင်နေလေပြီ။

"ဒါနဲ့ဘယ်မှာတုန်း ငါတို့ဆရာကြီး"

"ဟိုမှာလေ"

စိုင်းဟန် မှေးစက်၍ပြသော သပြေပင်ရှိရာနေရာသို့ကြည့်လိုက်စဉ် မြင်လိုက်ရသည်မှာ အထင်နဲ့အမြင် သက်သက်ဆင်အောင်လွှဲနေခြင်းပင်။

အသက်ကြီးကြီး ဆရာတစ်ဦးဖြစ်မည်ဟုထင်ထားခဲ့ရာ ယခုမှာငယ်ရွယ်နုပျို၍ အတော်ပင်ကြည့်‌ကောင်းသော ကောင်လေးတစ်ယောက်ပင်။

"ဆရာကြီး မင်္ဂလာပါ၊ ကျနော်က ဒီကျောင်းမှာ တာ၀န်ကျနေတဲ့ ဆရာပိုင်သန့်ဇင်ပါဗျ"

"ဟုတ်ကဲ့ပါ တွေ့ရတာ‌၀မ်းသာပါတယ်၊ ကျနော့နာမည်က ဟေစွမ်းမာန်ပါ။ ရင်းရင်းနှီးနှီးဖြစ်အောင် ဟေစွမ်းလို့ဘဲ ခေါာပါဆရာ"

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now