Unicode;;;;
မျက်ရည်စမ်းစမ်းဖြင့် မပီမပြင်မြင်နေရသော လမ်းအတိုင်း စမ်းတဝါးဝါး လျှောက်လာရာ အိမ်သို့ ခဏလေးနှင့် ပြန်ရောက်လာသည်။ အိမ်ထဲသို့ မ၀င်မှီ ပါးပြင်ထက်မှမျက်ရည်စများကို လက်ဖြင့် သုတ်ဖယ်လိုက်မိသည်။
ပုလဲခ ခဲ့သောကြောင့် နီမြန်းနေသောမျက်နှာများ မသိသာစေရန် မျက်နှာသစ်ဖို့ ရေကန်အနီးသို့သွားလိုက်သည်။
ရေသံကြောင့် အပေါ်ထပ်မှ ကိုပိုင်ထွက်လာပြီး စူးစမ်းတော့သည်။"ဟေစွမ်း ပြန်ရောက်ပြီလား"
"အင်း ကိုပိုင်"
မျက်နှာပေါ်မှရေစက်များကို လက်ဖြင့်သုတ်ချကာ လှေကားထစ်တစ်ထစ်စီကို လေးပင်စွာလှမ်းလာမိသည်။
"ဒါနဲ့စိုင်းဟန်နဲ့ အတူသွားတာမလား"
ကိုပိုင်သည် ကျနော့်၏အနောက်ကိုလှမ်းကာကြည့်၍မေးလာသည်။
"သူက မပြန်ချင်သေးဘူးဆိုလို့ကျန်နေခဲ့တယ်..."
"ဟေစွမ်း အသံလည်း မကောင်းပါလား။နေမကောင်းလို့လား........"
မျက်နှာကို အနီးကပ်စူးစိုက်ကြည့်ပြီး မေးလာသော ကိုပိုင်ကို အနည်းငယ် ကျော်လာပြီးနောက်
"ဟုတ်တယ် ကိုပိုင် ကျနော်နေသိပ်မကောင်းလို့ မနက်ဖြန် ကျနော့ညီကို ကိုပိုင်သွားကြိုပေးလို့ရမလား"
"သိပ်ရတာပေါ့...ငါ့ဆီစိတ်ချလက်ချသာအပ်လိုက်ဟုတ်ပြီလား"
စူးစမ်းအကဲခတ် သလိုကြည့်နေသော ကိုပိုင်ကို ပြုံးကာ ခေါင်းငြိမ့်ပြလိုက်ပြီး အိပ်ခန်းထဲသို့ တန်း၀င်လာလိုက်သည်။ ဘုရားရှိခိုးရန်လည်း သတိမရခဲ့။ စိတ်ကျဉ်းကျပ်စွာဖြင့် ကုတင်ထက် ခြေပစ်လက်ပစ်လှဲလိုက်တော့သည်။ စိုင်းပြန်လာပြီးလားဟု အပြင်ကိုလည်း နားစွင့်ကာ မျှော်နေခဲ့မိသည်။
စိုင်း အလာကို အာရုံစိုက်ရင်းဖြင့် အိပ်စက်ခြင်းဆီ ကူးပြောင်းသွားမိသည်။-----------------*****----------------
သန်းခေါင်းယံကြက်တွန်ချိန်၌ အသက်ရှူကြပ်လာပြီး ရင်ဘတ်ပေါ်တွင် တစ်စုံတစ်ခု လာရောက်ဖိထိုင်ထားသလို တင်းကျပ်ကျပ်ကြီးဖြစ်လာသည်။ ပက်လက်ဖြစ်နေသော ကိုယ်လုံးသည်လည်း လှည့်၍မရ ။ လေးပင်နေသော မျက်ခွံများကို အားတင်းဖွင့်ကြည့်လိုက်သော အခါ၌ အရိပ်မဲကြီးသည် ရင်ဘတ်ပေါ်ခြေနှင့်လက်ထောက်ကာ ထိုင်နေသည်။
YOU ARE READING
ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-Complete
RomanceStart-10.9.2021 End. - 24.10.2021 (Unicode/Zawgyi) Complete🌸