chapter.1.uni

5K 128 0
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.1.

Red Lotus club ...

ရောင်စုံမီးတွေထိန်နေအောင်ထွန်းထားပြီး ကတဲ့သူတွေက က မူး‌တဲ့သူတွေက မူး

ညှိသွားတဲ့အတွဲတွေကလဲအပေါ်ထပ်တက်သွားကြပြီ

ပုလင်းသံခွက်သံတွေနဲ့ ဆူညံနေပြီး သီချင်းမြူးမြူးလေးကြောင့် ကနေကြတဲ့သူတွေလဲအများကြီး

ဒီလိုများပြားလှတဲ့‌လူတွေနဲ့နေရာကြီးဟာ ပူလောင်ပြီး ရမ္မက်ဆန်လွန်းတယ်

"ဆရာ .... "

အ‌ပေါ်ထပ်မှ မြင်နေရတဲ့မြင်ကွင်းဟာ အရမ်းလှပနေပေမဲ့ သူ့အာရုံကတော့ တိုင်တလုံး‌လိုဖြောင့်မတ်နေဆဲ

အဲ့ဒီအချိန် red lotus club ရဲ့ အရှေ့ကိုကားတစ်စီးဆိုက်ရောက်လာခဲ့တယ်

ရှေ့ဝင်ပေါက်မှာရှိနေကြတဲ့လူတွေရဲ့အာရုံကလဲ အဲ့ကားပေါ်ကဆင်းလာတဲ့ ခြေတံသွယ်သွယ်လေးဆီကိုကျရောက်သွားခဲ့လေရဲ့

ဖြူဖွေးသောခြေတံသွယ်လေးဟာ ဒေါက်ဖိနပ်အနက်ရောင်လေးနဲ့လိုက်ဖက်လွန်းလှတယ်

မြေပေါ်ခြေချလိုက်တာနဲ့ ကားတံခါးဘေးကထွက်လာတဲ့ပလှပိုင်ရှင်လေးဟာ အားလုံးရဲ့အာရံုကို ဖမ်းစားသွားခဲ့တယ်

သေးလွန်းတဲ့ခါး မို့မောက်လွန်းတဲ့ရင် လက်သွယ်သွယ်လေးတွေ  နောက်တော့ အညိုရောင်လှိုင်းတွန့်ဆံပင်လေးတွေကခါးမှာဝဲကျနေတယ်

ကိုယ်လှလှလေးနဲ့တသားထဲကျနေတဲ့ ကိုယ်ကျပ်အကျင်္ ီအနက်ရောင်လေး‌နဲ့ ပေါင်လယ်ထိသာရှိတဲ့လည်သာဘောင်းဘီလေးကလဲ သူမနဲ့ပနံရစွာလိုက်ဖက်လို့နေလေရဲ့

နွဲ့နှောင်းစွာလျောက်လှမ်းလိုက်တိုင်း ရမ်းသွားတတ်တဲ့ကိုယ်ဟန်လေးနဲ့သူမက အားလုံးရဲ့နှလုံးသားကိုဖြတ်လျောက်သွားသလိုပဲ

အဖုအထစ်ကင်းတဲ့မျက်နှာနုနုလေးဟာလဲ လှပလွန်းလှတယ်

အထူးသဖြင့် မျက်ခုံးကွေးကွေးလေးနဲ့ မျက်ဝန်းဝိုင်းလေးနှစ်စုံက ထူးခြားလွန်းတယ်

အကြည့်ခံရတဲ့သူတိုင်း လိပ်ပြာလေးတွေမြင်လိုက်သလို ပယင်းရောင်မျက်ဝန်းများက ဆွဲဆောင်နိုင်တယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now