ch.41.zgi

415 8 0
                                    


Chapter.41.

"ဒါက ဦးရဲ့အိမ်ပဲ ဦးမှာ ကလေးနှစ်ယောက်ရှိတယ်လို့ပြောတယ်မလား ဟိုမှာကြည့်လိုက် ဓာတ်ပုံလေးတွေရှိတယ် သူတို့အမြွှာလေးတွေလေ အိမ်နာမည်က  တုံတုံ ပုံပုံ တဲ့ တုံတုံကအကြီး အခုတော့ မူကြိုမှာ ဒါက ဦးရဲ့အခန်း ဒါက ကလေးတွေရဲ့အခန်း "

သူ့ကိုရှင်းပြနေတဲ့‌မိန်းကလေးကိုသူ သေချာကြည့်လိုက်တယ်

သူမပြောပြနေပေမဲ့ သူနဲ့စိမ်းသက်နေတယ်

သူမညွန်ပြတဲ့ကလေးတွေနဲ့သူမကိုတော့ခပ်လွယ်လွယ်နဲ့ရင်းနှီးသွားပေမဲ့ တခြားအရာတွေကိုတော့ သူတကယ်စိမ်းသက်နေတယ်

တခါမှ မနေခဲ့ဖူးသလိုမျိုး တခါမှ ခြေမချခဲ့ဖူးသလိုမျိုး

ဗီဒိုတွေကိုသူဖွင့်ကြည့်လိုက်ပေမဲ့ အားလုံးက မဝတ်ရသေးတာအသိသာကြီး

ပြီးတော့ သူနိုးလာထဲက သူ့စိတ်ထဲ အရေးကြီးတာလုပ်စရာရှိနေတယ်လို့ တနေရာရာကသတိပေးနေပေမဲ့ ဘာမှန်းသေချာမသိဘူး

အာရုံစိုက်ပြီးစဉ်းစားလိုက်ရင် ခေါင်းကိုက်လာတတ်တယ်

သူတအိမ်လုံးလှည့်ပတ်ကြည့်ပြီးတော့ ကောက်ချက်ချလိုက်တာက သူဒီအိမ်မှာမနေဖူးဘူးဆိုတာပဲ

သူထွက်သွားသင့်ပေမဲ့ ဘယ်ကိုသွားရမှန်းမသိသလို သူဘာဆိုတာတောင်သေချာမသိတဲ့သူက ဘယ်ကိုများသွားနိုင်မှာလဲ

ပြီးတော့ ဘာကြောင့်မှန်းမသိ သူမနားနေရတာ သက်တောင့်သက်သာဖြစ်ပြီး ဘာတခုမှ စိတ်အနှောင့်ယှက်မဖြစ်ဘူး

ပြီးတော့ ကလေးတွေ

သူ့နှလုံးသားထဲစီးဆင်းနေတဲ့သွေးတွေက သူဟာ အဲ့ကလေးတွေရဲ့အဖေဆိုတာကို တချက်ခုန်တိုင်း တခါပြောပြလို့နေတယ်

အဲ့ကလေးတွေက တကယ်ကြီးကို သူနဲ့ရော သူမနဲ့ပါ တူနေတာ

အဲ့တော့ ဒီအိမ်ကနေ ထွက်သွားဖို့ဆိုတဲ့အတွေးကိုသူခေါင်းထဲကထုတ်ပစ်လိုက်ရတော့တယ်

အိပ်ရာပေါ်မှာလှဲလိုက်ရင်း မျက်နှာကျက်ကိုကြည့်လိုက်မိတယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now