chapter.25.uni

1.6K 73 1
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.25.

မင်္ဂလာစင်မြင့်တွင် သစ်လွင်တဲ့ ရွှေအိုရောင်ထိုင်မသိမ်းလေးဖြင့် သူမကကျက်သရေရှိစွာထိုင်နေတယ်

သူမဘေးမှာရှိတဲ့သူကတော့ သူမကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်နေပြီး သူမထွက်ပြေးသွားမှာစိုးးသလို တင်းကျပ်စွာဆုပ်ကိုင်ထားတယ်

အခမ်းနားဆုံးမဟုတ်ပေမဲ့ သူမရဲ့မင်္ဂလာပွဲက သိုက်သိုက်မြိုက်မြိုက်ရှိလှတယ်

လူ ထောင့်ငါးရာကျော်ဖိတ်ကြားခြင်းခံရပြီး ခမ်းမကလဲကျယ်လွန်းတယ်

ရန်ကုန်ရောက်နေကြတဲ့အသိမိတ်‌ေဆွသာမက သူမရဲ့သူငယ်ချင်း ဒေါက်တာနေထွန်းလူကပါ တက်ရောက်လာခဲ့ကြတယ်

နေဖို့ထိုင်ဖို့ကိ္စ္စကိုသူမဘာမှမပြောသေး သူ့အလိုကျသူမနာခံမယ်လို့စိတ်ကူးထားလိုက်တယ်

အစကတော့ သူမစိတ်လှုပ်ရှားနေတာ

သူမရဲ့ရင်ထဲကအမုန်းတွေကိုလဲ အတော်အသင့်ဖိနှိပ်ထားနိုင်ခဲ့ပြီလို့ထင်ခဲ့တာပေါ့

သူမတွေးထင်ထားသမျှက သူရိန်ဦးရောက်လာတာနဲ့တစစီလွင့်ပျောက်သွားတော့တယ်

သူနဲ့ပတ်သတ်ပြီးဖြစ်ပျက်ခဲ့သမျှက သူမစိတ်ထဲ ဒီရေလှိုင်းကြီးလို ဆောင့်ဝင်လာခါမှ သူမသိလိုက်တယ် သူမ သူ့ကိုမုန်းတယ် ကလဲ့စားချေချင်တယ် သတ်ပစ်လိုက်ချင်တယ် သူ့ဘဝတခုလုံးစုတ်ပြတ်သွားအောင်လုပ်ပစ်ချင်တယ်

ဒါပေမဲ့ သူမပြုံးကာ ဧည့်ခံနေခဲ့တယ်

နောက်ဆုံးတော့ ခက်ခဲတဲ့လမ်းကိုပဲသူမရွေးလိုက်တယ်

သူမ လက်တုံ့ပြန်မှရမယ်လို့

သူမရင်ထဲကအမုန်းတွေနဲ့ သူ့ဘေးနား ဖိအားပေးပြီး နေရင် တနေ့ သူမရူးသွားမှာပဲ

အဲ့လိုဆိုမှတော့ သူမရဲ့အမုန်းတွေလျော့အောင်ဘာလို့မလုပ်နိုင်ရမှာလဲ သူမ မဟုတ်ရင်တောင် တခြားတစ်ယောက်နဲ့လှည့်စားလို့ရသေးတယ်

သူမပြုံးလိုက်တယ်

သက်သာရာရသွားတဲ့အပြုံးမျိုးပေါ့

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now