chapter.48.uni

1.6K 61 0
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.48.

အခုရက်ပိုင်း သူ့ဘဝကြီးကတည်ငြိမ်နေတယ်ပြောရမယ်

အတိတ်ကိုပြန်သတိမရတာကလွဲလို့ သူအားလုံးအဆင်ပြေတယ်

စဉ်းစားရင်း သူခေါင်းကိုက်လာရင်ရပ်လိုက်တာပဲ

သူလဲမစဉ်းစားချင်ပါဘူး

ဒါပေမဲ့ သူ့နှလုံးသားထဲမှာ တခုခုလစ်ဟာနေတယ်

သူ့ကိုအမြဲသတိပေးနေတယ်

အရေးကြီးလုပ်စရာတခုရှိတယ်

လက်လွတ်လိုက်လို့မရဘူးတဲ့

သူဘယ်လောက်စဉ်းစားစဉ်းစား ဘယ်လိုမှ ပြန်တွေးမရဘူး

စဉ်းစားလိုက်တိုင်း မခံမရပ်နိုင်အောင်ခေါင်းကိုက်လာလို့

သူ မတတ်နိုင်စွာလက်လျှော့လိုက်ရတယ်

သူအိမ်ပြန်တယ်

သူ့အမေနဲ့သူ့ညီမနဲ့တွေ့တယ်

အားလုံးရေငုံနှုတ်ပိတ်ပြီးနေကြတယ်

တလုံးမှမပြောကြဘူး

သူကြည့်နေတာ သူ့အမေက သူမအကြောင်းလဲမမေးဘူး ပြောလဲမပြောဘူး

ကလေးတွေဓာတ်ပုံတွေ ဗီဒီယိုတွေကြည့်ပြီးရင်တော့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ အခန်းထဲဝင်သွားတတ်တယ်

သူလဲ အစကတော့ ထူးဆန်းတယ်လို့ထင်တာ

နောက် ကြာလာတော့လဲ ကျင့်သားရသွားတယ်တူပါရဲ့

ဪ သူမြေးတွေကိုလွမ်းလို့ငိုတာပဲနေမှာလို့တွေးလိုက်တယ်

အဲ့လိုဆိုလို့ အိမ်လိုက်ခဲ့လို့ပြောရင်လဲ ခေါင်းခါတယ်

ကလေးတွေခေါ်လာခဲ့မယ်ဆိုတော့လဲ နေပါစေတဲ့

သူလဲ စိတ်ရှုပ်သွားပြီး ဒိအတိုင်းပဲထားလိုက်တေ့ာတယ်

အခု သူ့ညီမအိမ်ရောက်နေတာ

သူ့ညီမရဲ့ကလေးလေးကလဲ ဖွေးဖွေးသေးသေးလေး

လေးဖက်ထောက်ပြီး‌လျှောက်သွားနေပြီဆိုတော့ တချိန်လုံးလိုက်ဆွဲနေရတာ

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Donde viven las historias. Descúbrelo ahora