chapter.10.zgi

475 11 0
                                    


Chapter.10.

"ကိုယ်တို့တွေ့တာမတော်တဆမလား ဟုတ်တယ်မလား ဟင် "

"ရှင်ဘယ်လိုထင်လဲ ဦးကောင်းသျှင်နောင် "

သူမ သိလိုက်တယ်

တမင်ဒီအကွက်ရွှေ့လိုက်တာလေ

သူမအကြောင်းဘယ်လိုတွေတောင်ပြောလိုက်လို့ သူကဒီလောက်ခြောက်ခြားနေရတာလဲ

မကောင်းတာတွေ မဟုတ်တမ်းရားတွေ ‌ဗလောင်းဗလဲတွေပဲနေမှာပေါ့

ယုံကြည်မူ့

သူမဒိအကွက်ရွေ့ခဲ့တာက သူဆီမှာသူမအတွက်ယုံကြည်မူ့ဆိုတာရှိလားလို့ သူမသိချင်လို့

အားလုံးက ဝိုင်းကန့်ကွက်ကြရင်တောင် သူမရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့သူမျိုးကိုပဲ သူမလိုချင်တာ

သူမ သူ့ကိုဖမ်းစားတာတွေလုံလောက်ပြီ

ဒီထက်ပိုဟန်မဆောင်တော့ဘူး

ဒီတခါ သူမ ယုံကြည်မူ့ဆိုတာကိုမရခဲ့ရင်

သွယ်ဝိုက်သောနည်းနဲ့လက်တုံပြန်တာတွေမလုပ်တော့ဘူး

သူမကိုယ်တိုင်ရှေ့ထွက်ပြီး အဲ့ကောင်ကို ပါးတက်ရိုက်တော့မှာ

"ကိုယ်ယုံချင်တယ် ကိုယ်က လှေကားထစ်မဟုတ်ဘူးဆိုတာ ကိုယ့်ကိုနင်းပြီးဖြတ်လျောက်သွားမှာမဟုတ်ဘူးဆိုတာ ပြီးတော့.......မင်းကိုယ့်ကိုချစ်တယ်ဆိုတာ ကိုယ်....ယုံချင်တယ်...ကလေးလေး"

"ဒါဆိုဘာတွေတွေးနေတာလဲ ပထမဆုံးဆုံခဲ့တော့ အိပ်ရာပေါ်ကကျန်နေခဲ့တဲ့သွေးစက်တွေ‌ကိုမယုံဘူးလား ဒုတိယအကြိမ်ဆုံခဲ့တော့ ကျွန်မရဲ့အပြုအမူတွေကဟန်ဆောင်တာဖြစ်နေခဲ့သလား နောက်ပိုင်းဆုံတွေ့မူ့တွေမှာရော ကျွန်မအဲ့လောက်မရှင်းပြချင်ဘူး ဦးကောင်းသျှင်နောင် ကျွန်မအဲ့မိသားစုနဲ့ဆက်ဆံခဲ့မိတာ ဝန်ခံပါတယ် ဒါပေမဲ့ ကျွန်မကခံဘက်ကပါ ရှင်သိရဲ့လား အဲ့ဒါတွေကပြီးပြီးသား မပြောချင်တော့ဘူး ဒါပေမဲ့ ရှင်သိလား ကျွန်မအမျက်ကြီးတယ် ဒါပေမဲ့ ရှင်ရဲ့စစ်မှန်မူ့ကြောင့် ကျွန်မအရာအားလုံးကိုမေ့နိုင်သွားပါပြီ ဒါကျွန်မဘက်ကပြောနိုင်တဲ့အနေအထားပဲ ဒိထက်ပိုပြီးသိချင်ရင် မနက်ဖြန်အိမ်လာခဲ့"

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now