chapter.14.uni

1.5K 71 0
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.14.

သူမ စိတ်ဝင်စားစရာလေးတွေ့နေတယ်

ဟားဟား အဲ့ကောင်ကအဲ့လိုစရိုက်ဆိုတာသိသားပဲ

ခွေးမြှီးကကောက်နေရင် ဘယ်တော့မှမဖြောင့်ဘူး

ကလေးဖျက်ချဖို့ ..?

စံပယ်နဲ့သူရိန်ဦး

ဒီလိုမြင်ကွင်းနဲ့တည့်တိုးရမယ်ဆိုတာမသိလိုက်ဘူး

သူတို့ကားလေးပြန်ထွက်သွားတဲ့အထိ သူမစောင့်နေပြီးမှ ဆေးခန်း‌ထဲဝင်သွားလိုက်တယ်

"ဒေါက်တာ နေထွန်းလူနဲ့တွေ့ချင်လို့ပါ "

"Appointmentရှိပါသလားရှင့် "

"ခေတ္တာချိုလို့ပြောပေးပါဆရာမ"

"ဟုတ်ကဲ့ ခနစောင့်ပါနော် "

"ဟုတ်ကဲ့"

သာမန်ဆိုရင်တော့ သူမက မျက်နှာချိုပြီး သဘောကောင်းတယ်

ညင်သာပြီးသိမ်မွေ့တယ်

ဘေးပတ်ဝန်းကျင်ကလူတွေကို ကောင်းကောင်းဆက်ဆံတတ်တယ်

မိန်းမကောင်းလေးပေါ့

"ဟာ  ချို ဘယ်လိုလုပ်ဒီရောက်နေတာလဲ "

"ငါဒီမှာနေနေတာလေ "

"ဟုတ်လား စောစောဆက်သွယ်လိုက်ပါလား ဒီကိုဘာလို့လဲ လမ်းကြုံလို့ဝင်လာတာလား"

"တည့်တည့်လာတာ အကူအညီတောင်းစရာရှိလို့ "

"မဟုတ်မှ? နင် ? မဟုတ်ဘူးမလား"

သူမဗိုက်ကိုကြည့်ပြီးပြောလာတဲ့သူငယ်ချင်းကြောင့် သူမရယ်လိုက်မိတယ်

"မဟုတ်ပါဘူးဟယ် "

"တော်သေးတာပေါ့ တခြားဟာဆိုရင်တော့ welcomeပဲသူငယ်ချင်း လာ အခန်းထဲလာခဲ့ ဆရာမရေ ထမင်းစားလေးနားဖို့ပြောလိုက်ပါဉီး"

သူမအထဲဝင်လာတော့ သူကထိုင်ခုံမှာဝင်ထိုင်ကာ သူမကိုစိုက်ကြည့်လာတယ်

"ပြောစမ်း ဘာအကူအညီလဲ"

"စောနကထွက်သွားတဲ့စုံတွဲလေ သူတို့ရဲ့ဆေးမှတ်တမ်းလေးလိုချင်လို့ အကူအညီပေးလို့ရမလား ငါ့အတွက်ဘဝလောက်နီးပါးအရေးကြီးနေလို့ပါ"

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now