ch.29.zgi

377 7 0
                                    


Chapter.29.

ကောင်းသျှင်နောင် တစ်ယောက်ပျာယာခတ်လို့နေတယ်

သူ့ကလေးလေး သူ့ကိုမကြည့်တော့တဲ့အပြင် အထိတောင်မခံတော့ဘူးလေ

သူ့ပါးတဖက်လဲပူထူနေပြီးအခြေအနေတွေကလဲရှုပ်‌ထွေးနေတယ်

"ကလေးလေး "

"မထိနဲ့ လူလိမ်ကြ်ီး လူညာကြီး "

သူမဒီလိုအော်ငိုတာ သူတခါမှမတွေ့ဖူးဘူး

ဆွံ့အသွားရတာနဲ့တပြိုင်နက် အရမ်းလဲချစ်ဖို့ကောင်းနေတယ်

"‌အန်တီ သမီးက ဒီအိမ်ကို အခုမှစဝင်လာတာပါ အဲ့ဒါကို ကြည့်ပါဦး လူမြင်ရာမှာနမ်းနေကြတယ် အဲ့ဒါဖြစ်သင့်ရဲ့လားလို့"

သူ့ကလေးလေးက ဝမ်းနည်းနေရာမှ ရုတ်တရက် ကျားသစ်မလေးဖြစ်သွားပြန်တယ်

စိတ်ဆိုးဒေါသထွက်လို့လဲ့နေတဲ့ပယင်းရောင်မျက်ဝန်းလေးတွေက သူ့ဘက်လှည့်မလာခဲ့ဘူး

တကယ်ပဲ သူ့ကလေးလေး အမျက်တော်ရှသွားမှာကိုစိုးမိပါရဲ့

သူ့ကလေးလေးသာ အမျက်တော်ပြေမယ်ဆို ဘာမဆိုရင်ဆိုင်ပစ်လိုက်ချင်တယ်

"ဦးကောင်းသျှင်နောင် !  ရှင်ရဲ့အရှုပ်ထုတ်ကို အခုရှင်း မဟုတ်ရင် ကျွန်မကိုကွာပေး "

"ကိုယ်ရှင်းပါ့မယ် စိတ်မဆိုးပါနဲ့ကွာ နော် "

"သွား လာမထိနဲ့ ရှင့်ဟာကိုအရင်ရှင်း သွား "

သူမက သူ့ကိုနောက်တခါတွန်းထုတ်ပစ်လိုက်ပြန်တယ်

သူလဲ သိတယ် ဒီကိစ္စကိုရှင်းမှရမယ်ဆိုတာ

အကြီးအကျယ်မဖြစ်ချင်လို့သာ သူ ထိန်းသိမ်းနေတာ အခုတော့ မတတ်နိုင်ဘူး သူ့ကလေးလေး စိတ်ချမ်းသာဖို့က အရေးအကြီးဆုံးပဲ

သူ တချက်ဝေ့ကြည့်လိုက်တယ်

မျက်နှာပျက်ပြီးထိုင်နေတဲ့ ဆောင်းနှင်းဖြူနဲ့ သူမမိဘတွေအားလုံးရှိနေဝာာကိုရော လာပြီးစပ်စုကြတဲ့ပတ်ဝန်းကျင်ကလူတွေရော အားလုံးရှေ့မှာ တည်ငြိမ်စွာနဲ့ပဲ

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Tempat cerita menjadi hidup. Temukan sekarang