chapter.28.uni

1.5K 57 0
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.28.

သူမ နာမည်က ဆောင်းနှင်းဖြူ

နာမည်နဲ့မလိုက်တဲ့အသားအရေကိုပိုင်ဆိုင်ပေမဲ့ စိုဝင်းဝင်းလေးမို့ အသားလတ်တယ်လို့ပြောလို့ရတယ်

အရပ်အနဲငယ်ပုပေမဲ့ ပြေပြစ်တဲ့အချိုးအဆစ်တွေနဲ့မို့ သူမက ငယ်စဉ်ထဲက လိုက်သူကြိုက်သူတွေများခဲ့တယ်

ရည်းစားတွေထားခဲ့တာ လက်ဆယ်ချောင်းတောင်မလောက်တော့သလို ပါးနပ်တဲ့သူမက ဘာကိုမှအထိပါးမခံခဲ့ဘူး

ပေးတဲ့လက်ဆောင်ယူတယ် ကျွေးတာလိုက်စားတယ် ဈေးဝယ်ထွက်ရင် ပိုက်ဆံရှင်းဖို့ ပစ္စည်းသယ်ခိုင်းဖို့ အဖော်အဖြစ်ခေါ်သွားတယ်

အရေးကြီးတဲ့အစိတ်အပိုင်းကလွဲပြီး ကျန်တာတွေကိုတော့ စိတ်ရှိပေးထိ ပေးကိုင်ထားလိုက်တယ်လေ

သူမစိတ်ကုန်သွားရင်တော့ လစ်ပေါ့

လူ့စိတ်ဆိုတာကလဲ အခက်သားလား ကိုယ်ကသာဘယ်လောက်ရှုပ်ရှုပ် ကိုယ်တွဲတဲ့သူကိုတော့ အသန့်ရှင်းဆုံးဖြစ်စေချင်ကြတာ ဒါက သဘာဝပဲ

သူမကတော့ မိန်းကလေးဆိုတော့ အဲ့လိုရိုးအပြီး အရမ်းကောင်းတဲ့လူမျိုးဆိုတာ ဒီကမ္ဘာမှာမရှိဘူးလို့ထင်ခဲ့တာ

‌တနေ့တော့

သူမ တစုံတစ်ယောက်ကိုတွေ့ခဲ့တယ်

ကောင်းသျှင်နောင်တဲ့

ခိုင်ကြည်တဲ့မေးရိုးတစုံနဲ့ ကြည်လဲ့တဲ့မျက်ဝန်းတစုံကပဲ သူမကို ဆွဲဆောင်သွားခဲ့တယ်

မိသားစုအခြေအနေကလဲ လက်ခံနိုင်တဲ့အတိုင်းအတာထက်ပိုတဲ့အပြင် တခြားယောကျာ်းသားများနဲ့ဆန့်ကျင်စွာ ဆေးလိပ်မသောက် အရက်မသောက် ကွမ်းတစားပဲ ပါးစပ်မသရမ်းတဲ့ ရှားမှရှားတဲ့ယောကျာ်းတစ်ယောက်ပေါ့

တက္ကသိုလ်တက်ခဲ့တော့လဲ ကောင်းသတင်းနဲ့ကျော်ကြားတယ်

အလုပ်ထဲရောက်သွားတော့လဲ တည်ငြိမ်လွန်းတယ်

သူမတောင်မှ ရေလာမြောင်းပေးလုပ်လွန်းမကလုပ်လွန်းမ လှုပ်လာခဲ့တဲ့ တကယ်ကျောက်သားစိုင်ကြီးပါ

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Tahanan ng mga kuwento. Tumuklas ngayon