အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း
Chapter.17.
ဒီနေ့တော့ သူ့အတွက်ငရဲပဲ
ဘယ်သူနဲ့သွားေတွ့မှန်းမသိရတဲ့ သူမကို သူဒေါသထွက်နေမိတယ်
သူရိန်ဦးနဲ့လို့ သူသံသယဝင်မိပေမဲ့ မသေချာ
သူပဲကံဆိုးပြီး အချစ်စစ်နဲ့မထိုက်တန်ခဲ့တာလား
အတွေးတွေပျံ့လွင့်ပြီး ကိုယ့်ကိုယ်မထိန်းချုပ်နိုင်တော့တဲ့သူကိုယ်သူပဲမုန်းမိတယ်
ဒီလိုအချိန်တွေကိုအရမ်းမုန်းတာပဲ
သူမကအနားမှာရှိပေမဲ့ မပိုင်ဆိုင်ဘူးလို့ခံစားမိတဲ့ခန သူရူးသွပ်သွားတော့မယ်
သူပူလောင်လာတယ်
တခါမှမခံစားဖူးတဲ့ပူလောင်မူ့တွေပဲ
ဆောင်းနှင်းဖြူ သူ့ကိုအသည်းခွဲခဲ့တုန်းကထက်အဆတရာပိုတဲ့နာကျင်မူ့မျိုး ပူလောင်မူ့မျိုး
သူ မနေနိုင်မထိုင်နိုင်ဖြစ်လာတယ်
သူမဖုန်းကိုခေါ်လိုက်တယ်
ပြန်ဖြေမဲ့သူမရှိဘူး
သူစိတ်ပျက်အားလျှော့စွာ သက်ပြင်းချမိတော့မဲ့ခန
"ကယ်ကြပါ တစ်ယောက်ယောက်ကယ်ပါ"
အလွန်စိုးရိမ်နေပြီး တိမ်ဝင်နေတဲ့အသံက တိုးတိုးသဲ့သဲ့ထွက်လာတယ်
"မိန်းကလေး မင်းအော်နေလဲအပိုပဲ ဘယ်သူမှလာကယ်မှာမဟုတ်ဘူး "
သူ ခေါင်းမွေးထောင်သွားခဲ့တယ်
ကားပေါ်ကခုန်ဆင်းပြီး အမြန်ဆုံးနှုန်းနဲ့တတ်နိုင်သမျှပြေးထွက်လာခဲ့တယ်
သူဝင်ဝင်ချင်း သူ့ကိုတားလိုက်တဲ့ဧည့်ကြိုနှစ်ယောက်ကိုလက်သီးနဲ့ထိုးပစ်လိုက်တယ်
သူ့မှာအချိန်မရှိဘူး
သူမကဘာတွေကြုံနေရမှန်းမသိဘူး
သူသာအချိန်မှီရောက်မသွားရင်
သူပိုတွေးမိတိုင်း ပိုကြောက်လာခဲ့တယ်
"ဒုန်းးးး ဒုန်းးးး "
တံခါးတွေတိုင်းကိုလိုက်ခေါက်ပစ်လိုက်တယ်
VOUS LISEZ
(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.
Roman d'amourown creation mature content by alinkar nang ..A storm of love without hatred... သူမဘဝမှာ တစ်ယောက်ကိုသာပုံပြီးချစ်ခဲ့ဖူးတယ် အဲ့တစ်ယောက်ရဲ့လှည့်စားခြင်းကိုပဲသူမခံခဲ့ရတယ် ဒါကြောင့် မိုက်မိုက်ကန်းကန်းနဲ့ သူတဘဝလုံးကိုအေးဆေးမနေနိုင်အောင်လက်စားချေဖို့သူမဆု...