ch.17.zgi

415 7 0
                                    


Chapter.17.

ဒီနေ့တော့ သူ့အတွက်ငရဲပဲ

ဘယ်သူနဲ့သွား‌တွေ့မှန်းမသိရတဲ့ သူမကို သူဒေါသထွက်နေမိတယ်

သူရိန်ဦးနဲ့လို့ သူသံသယဝင်မိပေမဲ့ မသေချာ

သူပဲကံဆိုးပြီး အချစ်စစ်နဲ့မထိုက်တန်ခဲ့တာလား

အတွေးတွေပျံ့လွင့်ပြီး ကိုယ့်ကိုယ်မထိန်းချုပ်နိုင်တော့တဲ့သူကိုယ်သူပဲမုန်းမိတယ်

ဒီလိုအချိန်တွေကိုအရမ်းမုန်းတာပဲ

သူမကအနားမှာရှိပေမဲ့ မပိုင်ဆိုင်ဘူးလို့ခံစားမိတဲ့ခန သူရူးသွပ်သွားတော့မယ်

‌သူပူလောင်လာတယ်

တခါမှမခံစားဖူးတဲ့ပူလောင်မူ့တွေပဲ

ဆောင်းနှင်းဖြူ သူ့ကိုအသည်းခွဲခဲ့တုန်းကထက်အဆတရာပိုတဲ့နာကျင်မူ့မျိုး ပူလောင်မူ့မျိုး

သူ မနေနိုင်မထိုင်နိုင်ဖြစ်လာတယ်

သူမဖုန်းကိုခေါ်လိုက်တယ်

ပြန်ဖြေမဲ့သူမရှိဘူး

သူစိတ်ပျက်အားလျှော့စွာ သက်ပြင်းချမိတော့မဲ့ခန

"ကယ်ကြပါ တစ်ယောက်ယောက်ကယ်ပါ"

အလွန်စိုးရိမ်နေပြီး တိမ်ဝင်နေတဲ့အသံက တိုးတိုးသဲ့သဲ့ထွက်လာတယ်

"မိန်းကလေး မင်းအော်နေလဲအပိုပဲ ဘယ်သူမှလာကယ်မှာမဟုတ်ဘူး "

သူ ခေါင်းမွေးထောင်သွားခဲ့တယ်

ကားပေါ်ကခုန်ဆင်းပြီး အမြန်ဆုံးနှုန်းနဲ့တတ်နိုင်သမျှပြေးထွက်လာခဲ့တယ်

သူဝင်ဝင်ချင်း သူ့ကိုတားလိုက်တဲ့ဧည့်ကြိုနှစ်ယောက်ကိုလက်သီးနဲ့ထိုးပစ်လိုက်တယ်

သူ့မှာအချိန်မရှိဘူး

သူမကဘာတွေကြုံနေရမှန်းမသိဘူး

သူသာအချိန်မှီရောက်မသွားရင်

သူပိုတွေးမိတိုင်း ပိုကြောက်လာခဲ့တယ်

"ဒုန်းးးး ဒုန်းးးး "

တံခါးတွေတိုင်းကိုလိုက်ခေါက်ပစ်လိုက်တယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Donde viven las historias. Descúbrelo ahora