အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း
Chapter.26.
"ဦးကောင်း!! !!"
"စိတ်ဆိုးနေတာလားကလေးလေး"
နှုတ်ခမ်းလေးများစုထော်ကာ သူ့ကိုမျက်စောင်းထိုးကာကြည့်နေလေတဲ့ကလေးလေးကိုအူယားလွန်းလို့ မနေနိုင်ပဲ ပါးတချက်ဖျစ်လိုက်တယ်
သူတမ်းတခဲ့ရတဲ့' ချစ်တဲ့သူနဲ့ထာဝရတည်မြဲတဲ့အိမ်ထောင်ရေး'
အခုတော့လက်တွေ့ဖြစ်လာခဲ့ပြီ
သူ့ကလေးလေးက ချစ်ဖို့အရမ်းကောင်းပြီး စိတ်ကောက်ပြီးမျက်စောင်းထိုးနေတာတောင် ဆွဲဆောင်မူ့က တပြားသားမှလျှော့မသွားဘူး
သူမခါးသေးသေးလေးကိုဖက်ကာ
"စိတ်မဆိုးပါနဲ့ကလေးလေးရယ် ကိုယ် ကလေးလေးဘက်လိုက်ပြောပေးရင် ကလေးလေးကိုပိုပြောကြမှာဆိုးလို့ပါ ဒါတွေက အခိုက်အတန့်ပါပဲ တကယ်လို့ ဒီမှာနေရတာ အဆင်မပြေဘူးဆိုရင် ကလေးလေးအိမ်မှာပဲဖြစ်ဖြစ် နောက်တအိမ်ဝယ်ပြီးပဲဖြစ်ဖြစ် နေလို့ရတာပဲကွာ အခုဒီမှာထားတယ်ဆိုတာကလဲ အမေနဲ့ငယ်လေးကို ကလေးလေးနဲ့ရင်းနှီးစေချင်လို့ပါ ကိုယ်ချစ်တဲ့သူတွေကြားမှာ အရမ်းသူစိမ်းဆန်နေရင် ကိုယ်တကယ်စိတ်ချမ်းသာမှာမဟုတ်ဘူး အဲ့တော့ ကလေးလေးကပဲ ခနလောက်သီးခံပြီး အဲ့အမှိုက်တွေကိုဂရုမစိုက်နဲ့လေကွာ နော် ကိုယ့်ကိုချစ်ရင် သီးခံပေးပါကွာ နော်"
"အမ်း "
သူတော်တော်ပြောယူလိုက်ရတယ်
သူ့ထက် ဆယ်နှစ်ကျော်ငယ်တဲ့ကလေးလေးကိုမှ မုန့်ပေးကြိုက်သလိုဖြစ်ခဲ့တော့လဲ အရာရာမှာလိုက်ပြီးစိတ်ပူနေရတယ်
ဒါတောင် ပါးဖောင်းဖောင်းလေးက မကျေမနပ်နဲ့ဆူနေသေးတာ
အနမ်းေတွအများကြီးပေးပြီးချော့လိုက်မှပဲ မကျေမနပ်နဲ့ခေါင်းညိတ်သွားတော့တယ်
"ဦးကောင်းစိတ်ချပါ ကျွန်မက အရမ်းကြီးလဲဆိုးဝါးနေတဲ့သူမဟုတ်ပါဘူး ဦးကောင်းအမေက ကျွန်မ အမေပဲ ဦးကောင်းညီမက ကျွန်မရဲ့ အဲ အမပဲပေါ့ ကျွန်မအပေါ်အရမ်းမဆိုးရွားလာသရွေ့ ကျိန်းသေသီးခံမှာပါ ဟုတ်ပြီလား"
YOU ARE READING
(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.
Romanceown creation mature content by alinkar nang ..A storm of love without hatred... သူမဘဝမှာ တစ်ယောက်ကိုသာပုံပြီးချစ်ခဲ့ဖူးတယ် အဲ့တစ်ယောက်ရဲ့လှည့်စားခြင်းကိုပဲသူမခံခဲ့ရတယ် ဒါကြောင့် မိုက်မိုက်ကန်းကန်းနဲ့ သူတဘဝလုံးကိုအေးဆေးမနေနိုင်အောင်လက်စားချေဖို့သူမဆု...