အမုန်းကင်းတဲ့အချစ်မုန်တိုင်း
Chapter.45.
"ဘာလို့တောင်းပန်နေတာလဲဗျာ ကျွန်တော်က မမရဲ့အချစ်ကိုပဲလိုချင်တာပါ ကျန်တာဘာများတောင်းဆိုခဲ့ဖူးလို့လဲဗျာ မမဖြစ်စေချင်သလို အရာအားလုံးလိုက်လုပ်ပေးခဲ့တာပါ"
အဲ့ဒါကတော့ အဟုတ်ပဲ
ဇေယျက တကယ့်ကိုလူကောင်းတစ်ယောက်ပါ
သူ့ကိုစတွေ့ထဲက သူမပြောသမျှခေါင်းငြိတ်ခဲ့ပြီး မညီးညူခဲ့ဖူးဘူး
တခြားအေဂျင်စီတွေကတောင် သူမကိုအားကျကြရတဲ့အဖြစ်
ဘယ်လောက်ပဲ အချိန်ဇယားတွေကျပ်ကျပ်
ဘယ်လောက်ပဲ ပင်ပန်းပါစေ
ဘယ်အစီအစဉ်ပဲဖြစ်ဖြစ် သူမပြောတာနဲ့ခေါင်းငြိတ်ပြီးသား
သူမကတော့ သူကောင်းဖို့အတွက်ပဲစီစဉ်ပေးခဲ့တာမို့
သူမအပြစ်လို့မတွေးခဲ့ဖူးဘူး
အချိန်ဇယားတွေကျပ်ရင်တောင် တောင်းပန်စကားလေးတခွန်းတောင်မပြောခဲ့ရဖူးဘူး
သူမအမြဲတွေးခဲ့တာ
ဒီကောင်လေးကို အမြင့်ရောက်စေချင်တဲ့ဇောကြောင့် သူမကြိုးစားသမျှအရာထင်အောင်လို့
သူ့ကိုဒီထက်ပိုတော် ပိုကျော်ကြားစေချင်လို့
သူမ အမြဲတွေးခဲ့တာက ကြိုးစားတာမလုံလောက်သေးဘူးပေါ့
အခုတော့ ဒီကလေးက သူမကြောင့် dဝင်နေခဲ့ပြီ
"တောင်း ...ပန်...ပါ....တယ် "
"မဟုတ်ဘူး ချစ်တယ်လို့ပြော ကျွန်တော့်ကိုချစ်တယ်လို့ပြောတာပဲလိုချင်တယ် မမကို ကျွန်တော်မှမရရင် ဘယ်သူမှမရစေရဘူး မမက ကျွန်တော့်အပိုင်ပဲ မမက ကျွန်တော့်အပိုင်ပဲလို့"
သူမ သက်ပြင်းချလိုက်တယ်
"ဇေယျ ...မင်းကို မမ မချစ်ဘူး အခုရော နောက်ရော ဘယ်တော့မှချစ်လာမှာမဟုတ်ဘူး"
တလုံးချင်းစီ အားယူပြီးပြောနေရပေမဲ့ တော်သေးတာက သူမပြောချင်တာကိုပြောလို့ရဖို့ပဲလေ
YOU ARE READING
(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.
Romanceown creation mature content by alinkar nang ..A storm of love without hatred... သူမဘဝမှာ တစ်ယောက်ကိုသာပုံပြီးချစ်ခဲ့ဖူးတယ် အဲ့တစ်ယောက်ရဲ့လှည့်စားခြင်းကိုပဲသူမခံခဲ့ရတယ် ဒါကြောင့် မိုက်မိုက်ကန်းကန်းနဲ့ သူတဘဝလုံးကိုအေးဆေးမနေနိုင်အောင်လက်စားချေဖို့သူမဆု...