Chapter.42.
"ဖေဖေ နဲ့ပဲ နေမယ်"
ကလေးတွေကိုကြည့်ပြီး တကယ်ကို သူမစိတ်မကောင်းဖြစ်မိတယ်
သူတလကြာဆေးရုံတက်နေတဲ့အတောအတွင်း ကလေးတွေကို ပြောပြရှင်းပြခဲ့ပြီး သူအိမ်ရောက်လာတဲ့အခါမှာတော့ အခုလို ရလာဒ်မျိုးထွက်လာခဲ့တယ်
ကလေးတွေက သူ့အဖေကိုအရမ်းခင်တွယ်ကြတယ်
ငယ်ငယ်ထဲက အဖေမေတ္တာကိုမရခဲ့လို့လဲပါလိမ့်မယ်
သူမအနားကိုတောင်မကပ်ကြတော့ပဲ သူ့တို့လေးတွေရဲ့အဖေလက်မောင်းကြားထဲ ဟိုဖက်ဒီဖက်နေရာယူပြီး ထွက်ကိုမလာကြတော့ဘူး
ရေချိုးရင်ဖြစ်ဖြစ် အိမ်သာတက်ရင်ဖြစ်ဖြစ် ထမင်းစားရင်ဖြစ်ဖြစ် တပူးပူးတတွဲတွဲနဲ့
အခုလဲ အိပ်ရာထဲမှာ သုံးယောက်သား ဆော့နေကြတယ်
မျက်စိရှေ့က ခနလေးပျောက်သွားတော့တာနဲ့ ကလေးတွေက ငိုကြီးချက်မတွေဖြစ်ကုန်ရော
အဲ့လိုပုံကိုမြင်လေလေ သူမပိုပြီးဝမ်းနည်းရလေပဲ
အစကတော့ ကလေးတွေဟာ အဖေမရှိလဲ သူတို့ဘာသာထိန်းထိန်းသိမ်းသိမ်းလေးနေခဲ့လို့ သူတို့လေးတွေအတွက် အဖေဆိုတာ မလိုအပ်ဘူးလို့သူမထင်ခဲ့မိတာ
ဒါက broken family တွေပဲသိတဲ့ခံစားချက်ပဲ
ဒါကို ဘယ်သူမှနားမလည်နိုင်သလို ဘယ်သူကမှလဲ လိုက်တုပနိုင်မှာမဟုတ်ဘူး
"ကလေးတွေက သူ့အဖေကြိအရမ်းကပ်တယ်နော်"
အိပ်ခန်းထဲက ရယ်သံ စနောက်သံတွေကိုနားထောင်းရင်း
ကြီးမြက ပြောလာခဲ့တယ်
သူမ လက်တော့ပေါ်မှာ လက်တင်ထားပေမဲ့ အိပ်ခန်းထဲကိုကြည့်နေခဲ့တာ
ကြီးမြက သူမသောက်ဖို့ ဒိန်ချဉ်တခွက်လာချပေးရင်းနဲ့
စကားဆိုလာခဲ့တယ်"အဖေ မေတ္တာငတ်နေကြရှာတာ"
"ဟုတ်တယ်ကြီးမြ သမီးလဲ ခုမှပဲ ကလေးတွေရဲ့ဟက်ဟက်ပက်ပက် ရယ်သံကိုကြားဖူးတော့တယ် မူကြိုတက်ထဲက အဲ့လိုရယ်သံတွေကိုမကြားရတော့တာ "
YOU ARE READING
(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.
Romanceown creation mature content by alinkar nang ..A storm of love without hatred... သူမဘဝမှာ တစ်ယောက်ကိုသာပုံပြီးချစ်ခဲ့ဖူးတယ် အဲ့တစ်ယောက်ရဲ့လှည့်စားခြင်းကိုပဲသူမခံခဲ့ရတယ် ဒါကြောင့် မိုက်မိုက်ကန်းကန်းနဲ့ သူတဘဝလုံးကိုအေးဆေးမနေနိုင်အောင်လက်စားချေဖို့သူမဆု...