ch.31.zgi

382 6 0
                                    

အမုန်းကင်းသောချစ်ခြင်းမုန်တိုင်း

Chapter.31.

သူ့ဘဝမှာ အနာကျင်ရဆုံးကဘာလဲ

သစ္စာဖောက်ခံလိုက်ရခြင်းပါပဲ

တခါလဲမဟုတ် နှစ်ခါလဲမဟုတ်

သုံးလေးငါးခါလဲမဟုတ်

အကြိမ်ကြိမ်အခါခါ သူသေဆုံးလုနီးပါး ပြိုလဲလုနီးပါး

သံသယတွေက ဆိပ်ကမ်းကပ်လာတဲ့အခါ လူကိုသိပ်ဒုက္ခပေးလွန်းတယ်

အဲ့လိုထင်ယောင်မြင်ယောင်သံသယတွေက အမှန်ဖြစ်လာတဲ့အခါ ပိုလို့စိတ်ဆင်းရဲရတယ်

အစကတော့ သူကောင်းရင် ကောင်းသလောက် သူချစ်ရင်ချစ်‌သလောက် အကြင်နာတွေပြန်ရမှာပဲလို့သူထင်ခဲ့တာ

အလကားပါ

အဲ့ဒါတွေအားလုံးက လူကိုအယုံလွယ်အောင်ပြုစားထားတဲ့အမှိုက်တွေပဲ

သူမယုံနိုင်ဘူး

ဘယ်လိုမှသူမယုံနိုင်ဘူး

သူကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင်လိုက်ရတာတောင်မှ

မဟုတ်ပါစေနဲ့လို့ ဘယ်နှကြိမ်လောက်ပြောနေမိသလဲဆိုတာ သူတောင်မသိတော့ဘူး

သူချစ်တဲ့မိန်းမတစ်ယောက်က တခြားသူရင်ခွင်ထဲမှာ နီရဲလှပစွာရှိနေခဲ့တယ်လို့ သူပြန်‌မြင်ယောင်လိုက်တိုင်းမှာ

သူပိုပြီးစိတ်ဓာတ်ကျလာခဲ့တယ်

ကောင်းသျှင်နောင် ကောင်းသျှင်နောင်

မင်းကိုယ်မင်းတော့ဟုတ်လှပြီထင်နေတယ်ဟုတ်လား ဟမ်

ဟိုက မင်းကိုအသုံးချပြီး မင်းမိသားစုထဲဝင်

မင်းညီမရဲ့ယောင်းမနေရာမှာထိုင်ပြီး မင်းယောက်ဖနဲ့ကောင်းကောင်းကမြင်းနေခဲတာ

လုံးဝကိုနွားဖြစ်သွားတာ

သူတကယ်ကို တကယ်ကို ဖြေဆည်လို့လုံးဝမရနိုင်တော့ဘူး

အဖြစ်အပျက်ကဘယ်ထဲကစမှန်းသူမသိပေမဲ့ ‌အဲ့နေ့က သူပြန်လာတော့ သူ့ရဲ့ကိုယ်ပိုင်အခန်းထဲမှာ  သူ့ပိုင်တဲ့မိန်းမနဲ့အတူ သူ့ယောက်ဖဟာ ခွေးဇတ်ခင်းနေကြတယ်လေ

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now