chapter.46.uni

1.7K 60 0
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.46.

သူဆေးရုံရောက်သွားတော့ သူ့မိန်းကလေးက မျက်နှာသေနဲ့အရေးပေါ်ခွဲစိတ်ခန်းရှေ့မှာငုတ်တုတ်လေးထိုင်နေတယ်

လှုပ်ရှားမူ့မရှိ အရုပ်တရုပ်ချထားသလိုပဲ

တချိန်လုံးအရေးပေါ်ခွဲစိတ်ခန်းကိုပဲမျက်နှာမူထားတယ်

သူမလက်ထောက်လေးကလဲ လက်သည်းကိုက်နေကာ ဟိုဖက်လျှောက်လိုက် ဒီဖက်လျှောက်လိုက်နဲ့

အရမ်းစိတ်ပူနေကြတဲ့ပုံပဲ

ဘေးနားမှာ ရေဘူးနဲ့မုန့်တချို့တွေ့ပေမဲ့ ထိထားတဲ့အရိပ်အယောင်မရှိ

သူ အလောတကြီး ပြေးသွားလိုက်ပြီး သူမကို ပွေ့ဖက်လိုက်တယ်

‌ကျောလေးကိုလဲအသျာလးပုတ်ပေးပြီး

"ရပြီ ရပြီ ကိုယ်ရောက်လာပြီ စိတ်လျှော့ထားလိုက်တော့နော် "

သူမခန္ဒာကိုယ်ကတောင့်တင်းအေးစက်နေတယ်

မျက်တောင်များတောင်ခတ်ဖို့မေ့လျော့နေဟန်ထင်

သူမမျက်ဝန်းတွေက နီရဲနေပြီးဖောင်းအစ်နေတယ်

"စိတ်လျှော့လိုက်တော့ နော် စိတ်လျော့လိုက်တော့ ကိုယ်သိတယ် သူဘာမှဖြစ်မှာမဟုတ်ဘူး ကလေးလေးလဲအနားယူရမယ်လေ လာ ကိုယ့်ပေါ်မှီလိုက် ပြီးရင် မျက်စိမှိတ်လိုက် နားလိုက်နော် "

သူမရဲ့တောင့်တင်းအေးစက်နေတဲ့ကိုယ်လေးကို အနွေးဓာတ်ဝင်လာအောင်ပွတ်သပ်ပေးနေပြီး သူမရဲ့ပင်ကိုယ်အသိစိတ်ပြန်ရအောင် ပြောပေးနေခဲ့တယ်

"စိတ်လျှော့လိုက်တော့ ကလေးလေး ကိုယ်လာပြီ ကိုယ်ရောက်လာပြီ နော် စိတ်လျှော့လိုက်တော့ "

သူအကြိမ်ဖန်များစွာလှုပ်နိုးပြီးမှ သူမလေးရဲ့မျက်ဝန်းများလှုပ်ရှားလာခဲ့တယ်

"ဦးကောင်းလား ? "

"အင်း ကိုယ်ပါ ကလေးလေးစိတ်လျော့နော် "

"အဲ့ဒါ ချို့ရဲ့အမှားပါ အဲ့ကလေးစိတ်ကျရောဂါခံစားနေရတာကိုမသိပဲ သူ့ကို အလုပ်တွေနဲ့ပိစေခဲ့တယ် ချို့အမှားပါ ချို့အမှားပါ"

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Donde viven las historias. Descúbrelo ahora