chapter.38.uni

1.4K 62 0
                                    

အမုန်းကင်းသောချစ်ခြင်းမုန်တိုင်း

Chapter.38.

"ကိုပြန်လာပြီလား?"

"အင်း သားလေးရော "

"အကို့သားက အိပ်ပုတ် အိပ်နေတုနး်ပဲ ရေချိုးလေ ညီမ ထမင်းပြင်ထားလိုက်မယ် "

"အင်း "

သူရေချိုးခန်းထဲဝင်လာခဲ့တယ်

ရေပန်းအောက်မှာ ရှိနေရင်း နေ့လည်က ကိုကောင်းရုံးခန်းမှာ ပြောခဲ့တဲ့စကားတွေကိုသတိရမိလိုက်တော့ သက်ပြင်းချရုံအပြင် ဘာမှမလုပ်နိုင်ခဲ့ဘူး

အဲ့ဒီမိန်းမကို သူမုန်းလဲမုန်းသလို အခုထိလဲချစ်နေတုန်းပဲ

တနေ့က သူ့ဆီ သူမရောက်လာခဲ့တယ်

ကိုကောင်းကို အမှန်အတိုင်းပြောပြဖို့ ငွေသိန်းတရာနဲ့ကမ်းလှမ်းလာခဲ့တယ်

ကိုကောင်းက သူ့ကိုမကြာခင်ဆက်သွယ်လာလိမ့်မယ် အမှန်အတိုင်းပဲပြောပြလိုက်တဲ့

အခုနှစ်တွေမှာ သူတကယ်ခက်ခဲခဲ့တာ

နောက်ကွယ်မှာသူမရှိတာကို ရိုးတိုးရိပ်တိတ် ရိပ်မိပေမဲ့လဲ သူမကကောင်းကင်မှာ သူကငရဲမှာ ဘယ်လိုမှ အလှမ်းမမှ္ီနိုင်တော့ဘူး

ဒါကြောင့် သူမဆီက ငွေလဲရပြီး နောက်လဲ ထပ်ပြီး သူ့ဘဝကိုမစွက်ဖက်တော့ဘူးလို့ ကတိပေးလာတာနဲ့ သူခေါင်းအလိုလိုငြိမ့်လိုက်မိတယ်

ဒီထက်ပိုပြီး ရွေးချယ်စရာကလဲမရှိတော့ဘူးကိုး

ပြီးတော့ သူ့ရဲ့လူဖြစ်စ သားလေးနဲ့ သူဆင်းရဲနေတဲ့အချိန်မှာရော ပင်ပန်းနေတဲ့အချိန်တွေမှာပါ အမြဲရှိနေပေးတဲ့စံပယ်ကိုလဲ စိတ်မဆင်းရဲစေချင်တော့ဘူ

ဒါကြောင့် အားလုံးကို ငွေ သိန်းတရာနဲ့ပဲ သင်ပုန်းချေလိုက်တော့တယ်

"အကိုရေ ကြာနေပြီ မြန်မြန်လုပ်လေ"

သူရဲ့အတွေးစတွေက သူမတံခါးလာခေါက်တဲ့အချိန်မှာ ပြတ်သွားခဲ့တယ်

လက်တွေ့ဘဝထဲပြန်ဝင်လာရင်း

ရေပဲအမြန်ချိုးလိုက်တော့တယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Tempat cerita menjadi hidup. Temukan sekarang