chapter.19.uni

1.7K 69 4
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.19.

ရီဝေဝေအကြည့်တွေနဲ့ သူမကိုကြည့်နေတဲ့သူ့ကိုပြန်ကြည့်နေမိတယ်

နှလုံးသားကလဲမသိမသာခုန်လှုပ်နေပြီး သူ့အကြည့်ကို သူမပြန်တုံ့ပြန်နေမိတယ်

ခေါင်းအုံး‌ပေါ်မှာလှဲနေရင်း သူ့ရဲ့နှုတ်ခမ်းပေါ်အကြည့်ရောက်သွားတဲ့အခါ သူမလျှာသပ်လိုက်မိတယ်

သူမရေငတ်နေတယ်

သူမရေဆာနေတယ်

ဒါပေမဲ့ သူမအကြည့်က သူ့ရဲ့မျက်နှာချောချောဆီမှာရောက်နေခဲ့တယ်

စိုးရိမ်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေတယ်

တခါမှမရဖူးတဲ့ သူစိမ်းတစ်ယောက်ဆီကနွေးထွေးမူ့မျိုး

အဲ့ဒါတွေက သူမကို ပူလောင်လာအောင်ပြုစားနေတယ်

"ကလေးလေး "

"ဟင် "

ပထမဆုံးအ‌နေနဲ့ သူ့‌ေခါ်သံမှာသူမယာယာမိသွားတာပဲ

တိုးရှပြီး ဩတယ်

ချိုပြီး ဆွဲဆောင်မူ့ရှိတယ်

ပြီးတော့ သူမအသံကလဲ သူမတောင် ပြန်ပြီးမမှတ်မိလောက်အောင် ချွဲပစ်နေတယ်လို့ခံစားရတယ်

ဆေးရုံမှာရှိနေတုန်းပဲ

ဒါပေမဲ့ သူကလဲ သူမဆီကအကြည့်မရုတ်သိမ်းသွားသလို သူမကလဲ တန်ပြန်စိုက်ကြည့်နေမိတယ်

သူရဲ့မျက်ဝန်းတွေထဲကပြောချင်တဲ့စကားတွေကို  အခုတော့ သူမ အတိုင်းသားမြင်နေရတယ်

မြတ်နိုးခြင်း စိုးရိမ်ခြင်း အရူးအမူးချစ်ခြင်း ဒေါသတွေနဲ့ နောက်ဆုံး လောင်မြိုက်နေတဲ့ရမ္မက်တွေကအစ

သူမအတိုင်းသားသိနေရတယ်

မြင်နေရတယ်

ဒါ တခါက သူမအသည်းအသန်လိုချင်မိတဲ့ တစ်စုံတစ်ယောက်‌ရဲ့ချစ်ခြင်းတွေပဲ

အခုတော့ သူမဘဝလဲ ကျွမ်းထိုးပြီး အခုလိုပြိုလဲနေပြီ

သူမကြောက်တယ်

သူမရှေ့မှာရောက်နေတဲ့သူ့ကို ချစ်မိသွားမှာသူမကြောက်တယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now