chapter.47.uni

1.5K 61 2
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.47.

ဇေယျကတော့ ပြန်နိုးမလာခဲ့

ကိုမာဝင်သွားပြီးအိပ်ရာထဲမှာပဲအချိန်ပြည့်လှဲလျှောင်းနေတော့တယ်

ဆရာဝန်တွေကပြောတယ်

ဦးနှောက်သေနေပြီတဲ့

ခန္ဒာကိုယ်တခုလုံးအလုပ်လုပ်နေပေမဲ့ ဦးနှောက်က‌ပြန်နိုးမလာတော့ဘူးတဲ့

အဲ့တော့ ခန္ဒာကိုယ်အစိတ်အပိုင်းတွေကို လိုအပ်လို့စောင့်နေတဲ့သူဆီလှူရင် လူနာကလဲ ငြိမ်းငြိမ်းချမ်းချမ်းထွက်သွားနိုင်မှာပဲတဲ့

ပြန်နိုးလာနိုင်ဖို့ရာခိုင်နှုန်းအရမ်းနဲတယ်လို့ပြောခဲ့တယ်

သူမကတော့ လက်မလျှော့ချင်သေးဘူး

တကယ်လို့ သူပြန်နိုးလာမှာကို သူမက လှူဖိုဆုံးဖြတ်လိုက်တယ်ဆိုရင် ဒါက သူမလက်နဲ့လူသတ်လိုက်တာပဲလေ

ပြီးတော့ အရမ်းငယ်သေးတယ်

လူ့လောကြီးဘယ်လောက်ကောက်ကျစ်တယ် ဘယ်လောက်ပွေလီတယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျမသင်ယူရသေးခင် ဒီကမ္ဘာကြီးကထွက်ခွာခွင့်သူမမပေးနိုင်ဘူးလေ

ဒါကြောင့် သူမ ဘယ်နှနှစ်ဖြစ်ဖြစ် စောင့်ဖို့ပဲဆုံးဖြတ်လိုက်တယ်

"မေမေ ပင်ပန်းနေပြီလားဟင် သမီးအာဘွားပေးမယ်လေ အာ...ဘွား"

အခုရက်ပိုင်းအရမ်းပင်ပန်းတော့ သူမ ဟန်မဆောင်နိုင်လောက်အောင် မျက်နှာပေါ်မှာအပြုံးရှိမနေခဲ့ဘူး

ကလေးတွေကိုတောင် ယဲ့ယဲ့လေးပြပြုံး့ပြနိုင်ခဲ့တယ်

ပုံပုံကိုပေါင်ပေါ်တင်နောက်ကသိုင်းဖက်ပြီး ပုံပုံလေးရဲ့ပခုံးပေါ်မေးတင်ပြီး မျက်လုံးမှိတ်ထားတဲ့သူမကို ပုံပုံက အလိုက်တသိမေးလာခဲ့တယ်

"အင်း မေ့မေ့ရဲ့သူငယ်ချင်းတစ်ယောက်က ဆေးရုံတင်ထားရတာလေ အဲ့ဒါကြောင့် မေမေစိတ်မကောင်းဖြစ်နေတာ "

"မေမေ !"

"ဟင်!"

"ဖေဖေကရော သမီးတို့နဲ့အမြဲမနေဘူးမဟုတ်လား ကိုကိုပြောတာ တနေ့ကျရင် သမီးတို့ကိုထားခဲ့ပြီးပြန်သွားမှာတဲ့"

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now