chapter.36.uni

1.6K 68 1
                                    

အမုန်းကင်းသောချစ်ခြင်းမုန်တိုင်း

Chapter.36.

"မရာ ကျွန်တော် ဘာထပ်လုပ်ပေးရဦးမှာလဲ မြန်မြန်အဖြေပေးတော့ကွာ တုံတုံနဲ့ပုံပုံကလဲ ကျွန်တော့်ကို အရမ်းခင်ကြတာပဲကို သူတို့အဖေဖြစ်ဖို့ကျွန်တော်စည်းရုံးလိုက်ပါ့မယ်ဆို "

သူမ မျက်ခုံးကိုကုတ်မိလိုက်တယ်

ဒီနေ့ အစထဲက သူမကံမကောင်းတဲ့ပုံပဲ

ဘာကြောင့် ပြောရလက်ပေါက်ကပ်တဲ့လူနှစ်ယောက်ကို တနေ့ထဲတွေ့နေရမှန်းမသိဘူး

တစ်ယောက်က ကလေးတွေကိုလိုချင်တယ်

နောက်တစ်ယောက်က သူမကိုလိုချင်တယ်

"အာ ဇေယျ မောင်လေး ဒါကလေ"

"တော်တော် ကျွန်တော်သိတယ် ကျွန်တော်က ရုပ်ရှင်မင်းသားမို့ တခုလပ်နဲ့မကိုက်ဘူး လူတွေကလဲ စပွန်ဆာယူထားတယ်လို့ပြောလိမ့်မယ် အဲ့လိုပြောမှာမလား ထားလိုက်ပါဗျာ ကျွန်တော့်ကိုတကယ်ချစ်တဲ့ပရိတ်သတ်ဆိုရင် ကျွန်တော်ဘာကြီးပဲဖြစ်နေနေ လက်ခံကြမှာပဲ နောက်ဆုံး သူတို့လက်မခံလဲ ဘာဖြစ်လဲ အနုပညာလောက က ကျွန်တော်ထွက်ပစ်လိုက်မယ် ကျွန်တော်က ယောကျာ်းပါဗျ မကို ဒေါင့်ကျကျပြားကျကျလုပ်ကျွေးနိုင်ပါတယ်ဗျ"

"ဘန်းးးးးး "

"ဇေယျ မင်းကိုငါပြုစုခဲ့ရတာသိပ်လွယ်တယ်များထင်နေလား ဟမ် ! ဘာလို့ အနုပညာလောကကထွက်မယ်ဆိုပြီး လွယ်လွယ်ပြောနေရတာလဲ ktc entertainment က အဓိကသရုပ်ဆောင် မင်းထွက်သွားရင် ဒီ entertainmentကလဲ အခြေအနေမကောင်းပဲဖြစ်သွားမှာ ပြီးတော့ မင်းလက်မင်းပြန်ကြည့်လိုက်ဦး ဒီလိုသွယ်သွယ်နုနုလက်လေးတွေနဲ့ ဘာကိုလုပ်နိုင်မှာလဲ ဟမ် စိတ်ကူးယဉ်နေတာတွေတော်လိုက်တော့ သွား for love drama ရိုက်ဖို့ camp သွားဝင်တော့ သွား မိနွယ်ရေ သူ့ကိုလိုက်ပို့လိုက်"

သူမခေါင်းတောင်ကိုက်သွားတယ်

ပြသနာကောင်လေးကိုအပြင်လွတ်လိုက်ပြီးတော့ သူမမျက်လုံးမှိတ်လိုက်ကာ အနားခနယူလိုက်တယ်

အလိုက်သိတဲ့မိနွယ်က သံပုရာရည်လေးဖျော်ပေးလို့ သောက်ပြီးသွားမှ သူမလဲ စိတ်ပြန်ကြည်သွားတော့တယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now