ch.30.zgi

443 6 0
                                    


Chapter.30.

"ရှင် ....မိုးမာန်ရှိန်း "

ကြောက်လန့်တကြားဖြစ်သွားတဲ့ ဆောင်းနှင်းဖြူကိုကြည့်ကာ သူမ အသာအယာပြုံးလိုက်တယ်

ထိုခန့်ညားတဲ့လူရွယ်က မိုးမာန်ရှိန်း

သူမရဲ့သူငယ်‌ချင်းပဲလေ

ဒါပေါ့ အရင်က သူမ ရည်းစားတွေထည်လဲတွဲခဲ့တာ တရုန်းရုန်းနဲ့ဆိုတာ ဒီကောင်တွေကြောင့်ပေါ့

တက္ကသိုလ်တက်တော့ စိတ်ချင်းတူလို့ သူမတို့သူငယ်ချင်းဖြစ်ခဲ့ကြတာ

အားလုံးပေါင်း ခုနှစ်ယောက်ရှိတယ် အဲ့ထဲမှာ မိန်းကလေးဆိုလို့ နှစ်ယောက်ထဲပါတာ

ဘယ်သူထင်မှာလဲ မာနကြီးတဲ့ မိုးမာန်တစ်ယောက် ဒီလို မိန်းမရဲ့စက်ကွင်းက မလွတ်နိုင်ခဲ့ဘူးဆိုတာ

သူမလဲ ဟိုတလောကမှသိတာပါ

ဆောင်းနှင်းဖြူအကြောင်းစုံစမ်းခိုင်းထားတဲ့ သူမရဲ့ PA ဆီကကြားတာ

အဲ့တော့ သူမလဲ လှေကားထစ်တွေကိုခြေချပြီးဆင်းမသွားခင် ဟိုကောင်မိုးမာန်ကို လိပ်စာလေးနဲ့အတူ စာတစ်စောင်လောက်တော့ပို့လိုက်တာပေါ့

"ဟျောင့် မင်းမိန်းမက ငါ့ယောကျာ်းကိုမြူစွယ်နေတယ်လို့ "

သူမက ပြသနာဖြစ်ရုံနဲ့တင်ပြီးသွားမယ်ထင်တာ

ဗိုက်အကြောင်းပါပေါ်လာခဲ့လေတယ်

မိုးမာန်က သူမတို့ထဲမှာ အရက်စက်ဆုံး မာနအကြီးဆုံး ပြီးတော့ သူ့ဟာဆိုရင်သိပ်သိတတ်တဲ့သူပဲ

လိမ်တာကိုမုန်းပြီး သူ့ကိုလှည့်စားရင် အဲ့လူကတော့ဘုရားသာတထားလိုက်ပေတော့ပဲ

ရေကုန်မြေခန်း လိုက်တိုက်ခိုက်တတ်တာ

"ကျွတ်....ကျွတ်....သနားစရာပဲ အဲ့မိန်းမကတော့ သူ့သေတွင်းသူတူးနေပြီ "

ထားလိုက်ပါတော့ သူမသူငယ်ချင်းက မိန်းမရကံမကောင်းဘူးပဲပြောရမယ်

"နှင်း မင်းပြော‌ခဲ့တာ အဲ့ဒါကိုယ့်ရဲ့ကိုယ်ဝန်ဆို အခုတော့ အဲ့ဒါက သူများဟာတဲ့လား ဟမ် ဖြေရှင်းစမ်းပါဦး"

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now