chapter.9.zgi

932 9 0
                                    


Chapter.9.uni

သူအိမ်ပြန်ရောက်လာတာနဲ့ ဧည့်ခန်းမှာစုံနေတဲ့လူတွေအများကြီးကိုတွေ့လိုက်ရတယ်

ဘယ်လောက်တောင်စုံလိုက်သလဲဆိုရင် နှစ်မိသားစုပေါင်း
ခြောက်ယောက်ကြီးတောင်

"ကိုလေး မီးတို့ပြောစရာရှိလို့စောင့်နေတာ "

သူ နားမလည်ဘူး

ဘာပြောချင်‌နေကြတာလဲ

တစ်ယောက်သောသူကတော့ ငိုထားလို့မျက်လုံးတွေနီရဲနေတယ်

မနေ့ကကိစ္စကြောင့်လား

သူအေးအေးဆေးဆေး ဆက်တီပေါ်ဝင်ထိုင်လိုက်တယ်

"သားရယ် သားအခုတွဲနေတဲ့မိန်းကလေးအကြောင်းသေချာသိရဲ့လား အမလာပြော‌မှ သိရတယ် အရမ်းရှက်ဖို့ကောင်းတယ်ကွယ် "

"ဘာကိုလဲအမေရဲ့ "

"အမသာပြောပြလိုက်တော့ ကျွန်မ ပါးစပ်ကကိုထုတ်မပြောချင်ဘူး"

သူ့အမေက အန်တီကို‌လွဲချကာ တိတ်ဆိတ်သွားတယ်

"ဒီလိုသားရေ အဲ့ကောင်မလေး ခေတ္တာချိုဆိုတာက အန်တီတို့နဲ့အမျိုးတော်တယ်လဲပြောလို့ရ မတော်ဘူးလဲပြောလို့ရတဲ့ဆက်ဆံရေးပေါ့ကွယ် အရင်‌ကတော့ တုံးတုံးအအဗိုင်းေ‌ကာင်းကျောက်ဖိလေးထင်လို့ အန်တီ့သူရိန်ဦးလေးနဲ့သဘောတူပြီးပေးစားချင်ခဲ့တာ အထင်နဲ့အမြင်ကတော့တခြားစီပါကွယ် ပွေလိုက်ရှုပ်လိုက်တာဆိုတာ မြင်မကောင်းဘူး ဟိုကောင်လေးနဲ့ပါသွားပြန်ပြီ ဒိကောင်လေးနဲ့ပါသွားပြန်ပြီနဲ့ ကြားရတာကွယ် အန်တီတောင်ရှက်တယ် နောက်တော့ သူရိန်လေးကိုမြူစွယ်လို့ရည်းစားဖြစ်သွားကြလေရဲ့ အဲ့တုန်းကလဲ စံပယ်လေးနဲ့ရန်ဖြစ်ပြီးမခေါ်ကြတဲ့အချိန်လေ အမလေး အန်တီသားကိုနွားလုပ်ချင်တာေ‌တ်ာသေးတာက အန်တီကအသိမြန်ပေလို့ပေါ့ မဟုတ်ရင် ဒီကောင်နွားဖြစ်နေပြီ အခုလိုသားနဲ့နီးကပ်နေတယ်ဆိုတာကလဲ အန်တီသားကြောင့်ပဲ အန်တီသားကိုမကျေနပ်လို့မမုန်းနိုင်သေးလို့ သားကိုခြေနင်းခုံလုပ်ပြီးဒီမိသားစုထဲပြန်ဝင်လာချင်တာလို့အန်တီယုံတယ် သားရယ် သမီးလေးကမှားခဲ့ပါတယ် ဒါပေမဲ့ အဲ့မိန်းကလေးလိုမယုတ်မာပါဘူးကွယ်"

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Tahanan ng mga kuwento. Tumuklas ngayon