chapter.24.uni

1.5K 68 4
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.24.

သူမရှေ့ကလူက တကယ်ပဲ စိတိဓာတ်ခိုင်မာပြီး ချောမောတဲ့ ဦးကောင်းသျှင်နောင်ဆိုတာသေချာရဲ့လား

မျက်လုံးတွေနီရဲပြီး မျက်ရည်တွေနှပ်ရည်တွေနဲ့ အပြိုပြိုအလဲလဲဖြစ်နေတဲ့သူက

တကယ်ပဲ ဦးကောင်းသျှင်နောင်အစစ်လား

သူမ ငိုအားထက် ရယ်အားသန်ဖြစ်သွားခဲ့တယ်

သူ့ပုံလေးက ဘယ်လိုဖြစ်နေလဲဆိုတော့

အမေပစ်သွားလို့ ဝမ်းနည်းပမ်းနည်းငိုနေတဲ့ ကလေးလေးလိုပဲ

သနားစရာကောင်းပြီး ရင်လဲနာရတယ်

ဒီလိုပုံလေးနဲ့သူ့ကိုဆောင်းနှင်းဖြူဘယ်လိုထားရစ်ခဲ့ရက်ပါလိမ့်

သူကရော ဒီလိုလွယ်လွယ်လဲပြိုတတ်ပုံနဲ့ ဘယ်လိုများပြန်လည်ထူထောင်နိုင်ခဲ့တာပါလိမ့်

ဒါကြောင့် သူမ သိခဲ့ရတာတုန်းက မဟုတ်လောက်ပါဘူးလို့တွေးခဲ့မိတာဖြစ်လိမ့်မယ်

သူအသဲကွဲခဲ့တုန်းက သီချင်းျလးတပုဒ်ကတောင်သူ့ကိုငိုစေခဲ့တယ်တဲ့

သူမဟားတိုက်ရယ်ခဲ့တာမှတ်မိသေးတယ်

ကြီးကောင်ကြီးမားကြီးနဲ့ ဒီလို နုနုနယ်နယ်အသဲလေးကို‌ လေနဲ့တဖူးဖူးမှုတ်နေရာက ရုတ်တရက် ကွဲသွားတော့ ရနိုင်တဲ့ရှော့ကတော်ရုံတေ့ာမဖြစ်နိုင်လောက်ဘူးပေါ့

တကယ်ကို အရက်သမား ဆေးသမား ဖြစ်ပြီး ဘဝပျက်မသွားတာကံကောင်းလို့ပြောရမယ်

တနေရာမှာ ထိုင်ငေးပြီး အလုပ်လဲနားထားရကာ ဘာမှကျွေးလို့လဲမရ ဆေးရုံရောက်ပြီး အကြောဆေးနဲ့ဒွစ်ပါချိတ်လိုက်ရတဲ့အထိဆိုပဲ

အဲ့တုန်းကတော့ သူမတကယ်ကြီးအံဩခဲ့ပြီး သူ့ရဲ့ချစ်တတ်မူ့ကြီးကို ဩချပြီးလေးစားခဲ့ရတာ

ကိုယ်တုန်းကတော့ ဒီလိုတန်ဖိုးထားတဲ့သူနဲ့မှမကြုံခဲ့ရတာကိုး

အခုတော့ အဲ့သတင်းတွေကအမှားဖြစ်ပါစေလို့ပဲ ဆုတောင်းနေမိတော့တယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Onde histórias criam vida. Descubra agora