chapter.4.uni

2.2K 91 2
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.4.

ဒီနေ့တော့ နောက်တကွက်ချဖို့ အချိန်တန်ပြီ

သူမပုန်းနေတာလဲ တပတ်ပြည့်ပြီလေ

ပြီးတော့ ရွှေတံဂုံဘုရားကို သူလာမယ်လို့သူမသတင်းအတိအကျရထားပြီးသား

ခရီးသွားအေဂျင်စီတခုထောင်ထားတဲ့သူ့ရဲ့လက်အောက်မှာ သူမထည့်ထားတဲ့လူရှိတယ်

ဒါကြောင့် သူဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာကိုသိနိုင်တယ်

အခုတော့ သူမရဲ့တခြားတဖက်ခြမ်းကိုပြသရမှာမို့

ဆံပင်လေးကိုတဝက်ကျစ်ပြီးအောက်ကတပိုင်းကိုတော့ဒီအတိုင်းခွေကျနေစေတယ်

နှုတ်ခမ်းနီကိုလဲ ဗေဒါရောင်ဖျော့ဖျော့လေးဆိုးပြီး မျက်ခွံပေါ်ကိုလဲရွှေရောင်လိုင်ဒါအနဲငယ်ဖြည့်ထားတယ်

သိပ်မလင်းဘူး ဒါပေမဲ့ ပြည့်စုံတဲ့စတိုင်လေး

အရမ်းမမြင့်တဲ့ဒေါက်ပြားလေးနဲ့ ထဘီရင်ဖုံးဒီဇိုင်းပုံစံဆန်းဆန‌်းလေးနဲ့ ယဉ်ယဉ်ကျေိးလေးဝတ်ထားတယ်

ပန်းပွင့်အကြီးတွေပါတဲ့ထဘိမျိုးဝတ်ထားတာမို့ သူမအမေစိုက်ခင်းထဲ‌ရ‌ေမွှးသစ်ခွတွေခူးပြီးယူပန်လိုက်တယ်

မှန်ထဲမှာတပတ်လှည့်ကြည့်လိုက်ပြီး အဆင်ပြေတော့ နားကပ်တပ် ပိုက်ဆံအိတ်ကောက်ကိုင်ပြီး ထွက်ခဲ့တော့တာပေါ့

သူမဦးတည်ရာကတော့ ရွှေတ့ဂုံပေါ့

ရွှေတံဂုံဘုရားရဲ့ရင်ပြင်တော်က ခရီးသွားတွေများ‌ေပမဲ့ဆည်းလည်းသံတညံညံနဲ့အေးချမ်းလှတယ်

ဘုရားဖူးပြီးရေသပ္ပယ်ကာ ရှိခိုးပြီးတော့ ဇရပ်ထဲဝင်ကာ ထိုင်ရင်း ဖုန်းကြည့်နေလိုက်တယ်

လာသင့်နေပြီကို

အချိန်လဲလင့်လာပြ္ီ

တမင်အဆာခံထားတဲ့ဗိုက်ကလဲ တဂွီဂွီနဲ့

အစီအစဉ်တွေရှိလို့သာ မဟုတ်ရင်တော့ သူမဒီလောက်စိတ်ရှည်တာမဟုတ်ဘူး

နောက်ဆယ်မိနစ်မှမလာရင် သူမသွားတော့မှာ

စိတ်တိုတိုနဲ့ဖုန်းပဲဖိပွတ်နေလိုက်တော့တယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Hikayelerin yaşadığı yer. Şimdi keşfedin