ch.33.zgi

377 7 1
                                    


Chapter.33.

ဂမုန်းပွင့် market မှာ သူယောင်လည်လည်ဖြစ်လို့နေတယ်

နောက်ဆုံးတော့ တနေရာမှာထိုင်လိုက်ရင်း ဖုန်းသုံးနေလိုက်တယ်

WiFi bill လာဆောင်တဲ့သူငယ်ချင်းတွေနဲ့လိုက်လာပြီးမှ အဲ့နေရာမှာ လူတွေကလဲများတာနဲ့ သူ‌ပြန်ထွက်လာခဲ့တာ

အခုတော့ ဒီလိုအခြေအနေမျိုးဖြစ်နေတာပေါ့

"ဦးဦး ဒါသားနေရာ"

"ဟင်?"

သူငုံ့ကြည့်လိုက်တယ် ငါးနှစ်ကျော်လောက်ပဲရှိတဲ့ကလေးလေးတစ်ယောက်က သူနဲ့ရွယ်တူသာရှိတဲ့ကလေးမလေးလက်ကိုတွဲထားကာ သူ့ကိုမော့ကြည့်လို့နေတယ်

ပယင်းရောင်မျက်ဝန်းလေးပြူးပြူးဝိုင်းဝိုင်းလေးတွေက သူအသည်းကိုယားစေတယ်

"ဒီနေရာက သားသားပိုင်တာလား"

"ဟုတ်ဘူး ဒါပေမဲ့ သားအရင်နေရာဦးထားတာလေ "

"ဘေးမှာနေရာအလွတ်ရှိတယ်လေ"

"သားတို့က အရပ်ပုသေးတော့ ဒီကပဲတက်လို့ရတာ"

သူကြည့်လိုက်တော့ ခုံပုသေးသေးလေးက သူ့ဘေးမှာရှိနေတာ

"ဘေးကိုရွှေ့ပေးမယ်နော်"

"ကျေးဇူးပါဦးဦး လာ ပုံပုံ ဒီကနေတက်"

သူဘေးကိုနေရာရွေ့ပေးလိုက်တယ်

ပြီးတာနဲ့ ဖုန်းဆက်မကိုင်တော့ပဲ

အဲ့ကလေးနှစ်ယောက်ကိုသေချာကြည့်နေမိတယ်

စိတ်ထဲလဲ စိမ်းသက်မနေပဲ တမျိုးလေး

ရင်းနှီးမူ့ကိုခံစားရတယ်

ကလေးမလေးကလဲ အရမ်းချစ်ဖို့ကောင်းတယ် အထူးသဖြင့် မျက်လုံးနက်နက်လေးတွေက သူ့တနေရာမှာတွေ့ဖူးနေသလိုပဲ

တော်တော်ကိုရင်းရင်းနှီးနှီးရှိနေတယ်

"ကလေးတို့ အမေအဖေမပါဘူးလား"

"မေမေပဲပါတယ် ‌"

သူတို့လေးတွေမျက်နှာညိုးသွားခဲ့လေတယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Onde histórias criam vida. Descubra agora