Extra -1.uni.

2.3K 71 3
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Extra.1.

"အူဝဲ အူဝဲ"

"အူဝဲ အူဝဲ "

"တိတ်...တိတ်...တိတ် နော် မေမေ မအားသေးလို့့နော် တိတ်တိတ် မငိုတော့နဲ့ မငိုတော့နဲ့ အိုအိုးးးးးး "

အဲ့ဒီအသံတွေက မနက်လင်းတာနဲ့ကြားရပြီ

အမှန်တော့ မနက်မလင်းခင်ထဲကကြားရတာပါ

လက်ကြိုက်တဲ့အမြွှာလေးတွေက လူပေါ်မှာပဲ အိပ်တယ် လူပေါ်မှာပဲ အီးအီးတယ်သေးပေါက်တယ် လူပေါ်မှာပဲ ချိုချိုစို့တယ်

လူပေါ်ကချလိုက်တာနဲ့ငိုရော‌ပဲ

အိပ်နေတယ်ဆိုပြီး စိတ်ချလက်ချသွားမချလိုက်နဲ့

ပြဲနေအောင်ငိုပြီမှတ်

ချိုချိုက‌လဲတချိန်လုံးစို့နေလို့လားမသိ ခနခန အီးအီးပါပြိး ခနခန သေးပေါက်ချတယ်

ကလေးနှစ်ယောက်ကိုလူလေးယောက်ထိန်းတာမနိုင်ဘူး

ဒါတောင် တုံတုံနဲ့ပုံပုံက သူ့တို့ဘာသာသူတို့နေတတ်ကြလို့

သူကတော့ အမြွှာလေးတွေကို အခုမှထိန်းဖူးတာမို့ အရမ်းပင်ပန်းတယ်လို့ခံစားရပေမဲ့ သူမလေးကတော့ တချက်မငြီးဘူး

တုံတုံ ပုံပုံတို့ ငယ်ငယ်ကလဲဒီအတိုင်းပဲလားလို့သူမေးတော့

ဒီထက်ပိုဆိုးတယ်တဲ့

ကလေးထိန်းရတာဒီလောက်ထိ ပင်ပန်းတဲ့အလုပ်ဆိုတာ သူတကယ်မသိခဲ့ဘူး

သူနဲ့စတွေ့တော့ ကလေးတွေက ကြီးနေကြပြီမို့ ချီစရာလဲမလိုတော့ အော်လဲမငိုတော့ဘူး

ဒိကလေးတွေကတော့ တစ်ယောက်ငိုတာနဲ့ နောက်တစ်ယောက်ကလဲလိုက်ငိုတော့တာ

သူတို့အမေရဲ့ဝမ်းထဲကကျွတ်ပါပြီဆိုထဲက ငိုလိုက်တဲ့အငိုက အခုထိမတိတ်ဖူးသေးဘူးလို့တောင်ထင်ရတယ်

"ချိုရေ ကလေးတွေငိုနေပြီ မြန်မြန်ထွက်လာတော့ "

ကလေးတွေနှစ်သံပြိုင်ငို‌ေနတဲ့‌ေနာက်‌ေတာ့ ရေချိုးနေတဲ့ ကလေးအမေကို သူလဲ မရမကအော်ခေါ်ရတော့တယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Tempat cerita menjadi hidup. Temukan sekarang