ch.49.zgi

770 9 0
                                    


Chapter.49.

သူမရဲ့ဗိုက်လေးဟာ အခုတလောပိုပြီးလုံးဝန်းလာတယ်

ပါးစပ်လေးကလဲ ဆိတ်ကလေးလို ပွစိပွစိနဲ့ တခုမဟုတ်တခုကိုထည့်ထားတတ်တယ်

ဘယ်နေရာသွားသွားမုန့်အိတ်တခုပါပြီး ကလေးတွေနဲ့အပြိုင်မုန့်လုစားနိုင်တဲ့သူမဖြစ်လာခဲ့တယ်

အရမ်းလဲအိပ်လာပြီး အရမ်းလဲ ပျင်းလာတယ်

အလုပ်တွေကိုတောင် အိမ်မှစီမံခန့်ခွဲတာများလာတယ်

သူမပြောတာကတော့ သူမက ပင်စင်ယူလို့ရလောက်အောင် သူမအလုပ်တွေကိုကျွမ်းကျွမ်းကျင်ကျင်စီမံနိုင်တဲ့လက်ထောက်ကလေးရှိတယ်ဆိုပဲ

ပါးလေးတွေပြည့်လာပြီး မေးလေးတွေနှစ်ထပ်ဖြစ်လာကာ မျက်ခုံးကွေးကွေးထူထူလေးနဲ့ မျက်လုံးလုံးဝိုင်းဝိုင်းကြီးတွေနဲ့ သူမလေးက ဆိုင်မှာရောင်းဖို့အလှပြထားတဲ့ ဘာဘီရုပ်လေးအတိုင်းပဲ

သူကတော့ သူမလေးဘာစားချင်ပါစေရအောင်ဝယ်ပေးလုပ်ပေးတယ်

ကလေးတွေကိုလဲသူပဲပိုထိန်းပေးတယ်

ဒါကြောင့် ဗိုက်ဖုံးဂါဝန်လေးနဲ့သူမလေးက လမ်းထွက်လျောက်တဲ့အချိန်တွေကလွဲရင် အချိန်ပြည့်ပျင်းရိနေတော့တာ

ဒီလိုဘဝလေးကို သူသဘောကျလွန်းလို့ရူးတော့မယ်

သူမလေးကလဲ သူ့ကိုပိုကပ်လာတယ်

ကလေးတွေကလဲ သူ့ကိုပိုချစ်လာကြတယ်

အပြင်သွားရင် မဗိုက်တစ်ယောက် အမြွှာနှစ်ယောက် ကိုယ်တစ်ယောက်နဲ့ ဘယ်သူပဲကြည့်ကြည့်ပြည်စုံတဲ့မိသားစုဘဝလေး

"ပင်လယ်ကျော်ကာ......ဖြတ်သန်းသမုဒ္ဒရာ အချစ်ရဲ့...ရေပြင်ကျယ်ကြီးထဲမှာ ....."

အဆို‌တော်အောင်ထက်ရဲ့ သီချင်းကို လေတချွန်ချွန်လေးနဲ့ဆိုရင်း ရေချိုးနေတဲ့သူက shower creamတွေအပြည့်နဲ့ ဇိမ်ပြေနပြေ တိုက်ချွတ်ဆေးကြောနေခဲ့တယ်

သူ့လိုဆိုရင် သူကဒီလိုလိုဟိုလိုလိုနဲ့ပြီးသွားမှာ

ဒါပေမဲ့သူမက အခုတလော အနံ့မခံနိုင်ဖြစ်နေတယ်လေ

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now