ch.34.zgi

901 10 0
                                    


Chapter.34.

"သားရေ တုံတုံ"

"ဗျာ"

"သမီးလေး ပုံပုံ"

"ရှင့်"

"မူကြိုသွားမယ် လာကြတော့လေ "

"ဟုတ်"

က‌လေးနှစ်ယောက်ပြိုင်တူအော်လိုက်‌ကြပြီး သူမရှေ့ကိုခနအတွင်းပေါ်လာခဲ့တယ်

အဖြူနဲ့ခရမ်းရောင်စပ် မူကြိုအင်္ကျီလေးတွေနဲ့အရမ်းလှနေကြတဲ့ကလေးတွေကို အနမ်းပေးရင်း

"ကြီးမြရေ သွားပြီ"

"အေးအေး သမီး"

အိမ်အကူအဒေါ်ကြီးကိုနှုတ်ဆက်ရင်း သူမကားလေးနဲ့ သိင်္ဂဟဆိုတဲ့မူကြိုကို ရောက်ခဲ့တယ်

ကလေးနှစ်ယောက်က အနောက်ခန်းမှာငြိမ်သက်စွာလိုက်လာကြရင်း တခုခုကိုအသည်းအသန်ဆွေးနွေးနေကြတယ်

"တုံတုံ "

"ဗျာမေမေ "

"သားညီမကိုသေချာဂရုစိုက်နော် "

"ဟုတ်"

ကလေးနှစ်ယောက် ပျောက်ကွယ်သွားသည်အထိ သူမငေးနေခဲ့ပြီးမှ သူမအလုပ်ရှိရာကိုလာခဲ့တယ်

အခုတော့ သူမလဲ အလုပ်အကိုင်နဲ့အတည်တကျဖြစ်နေပြီ

လွန်ခဲ့တဲ့နှစ်တွေတုန်းက သူမဘယ်လောက်ဒုက္ခရောက်လိုက်သလဲ

ဘုရားပဲသိလိမ့်မယ်

အခုလို တည်ငြိမ်စွာနေထိုင်နိုင်ဖို့ ဘယ်လောက်ကြိုးစားယူရခဲ့ရသလဲ

အကြိမ်ကြိမ်ပြိုလဲလုနီးပါး

အကြိမ်ကြိမ်လက်လျှော့လုနီးပါး

အကြိမ်ကြိမ်ကျဆုံးခဲ့တာကိုတောင့်ခံခဲ့ရပြီး‌မှ ဒီလိုနေ့ကိုရောက်လာခဲ့တာ

ကလေးနှစ်ယောက်ရဲ့မျက်နှာကိုကြည့်ပြီး ကြည်နူးခဲ့ရတဲ့ရက်တွေရှိသလို

အကြိမ်များစွာလဲငိုကြွေးခဲ့ရတယ်

သူမ အခုထိ ရှင်သန်နေသေးတာ ဒီကလေးနှစ်ယောက်ကြောင့်ပါ

ကြိုးစင်ပေါ်ကပြန်ဆင်းလာခဲ့ပြိးမှ အစစ်အမှန်ဘ‌ဝလေးကိုရရှိခဲ့တယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now