အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း
Chapter.8.
မနက်နေထွက်တာကြာခဲ့ပြီ
ဒါပေမဲ့ သူမ မထနိုင်သေးဘူး
တုန်ရီနေတဲ့ဒူးကိုမကာ ရေအိမ်သွားတာတောင် စပ်ဖျဉ်းဖျဉ်းဖြစ်နေတဲ့အတွင်းသားတွေကြောင့် သူမ မဆဲပဲမနေနိုင်တော့ဘူး
"Fuck ပဲ ဦးကောင်းသျှင်နောင် ရှင်ကခွေးပဲ"
သူမ စောင်ပုံထဲခေါင်းနစ်နေပေမဲ့ ပေါ်နေတဲ့ဖင်လေးနှစ်လုံးကို လက်သံပြောင်ပြောင်နဲ့ အားရပါးရရိုက်ချပစ်လိုက်တယ်
"အားးးးး ကလေးလေး ! ရက်စက်လိုက်တာကွာ နာလိုက်တာ "
"တခါထဲသေသွားရမှာ အဲ့လောက်ထနေရင်လဲ ပိုက်ဆံပေးပြီးခေါ်လိုက်ပါလား မနေ့ညကတခါထဲသေမသွားလို့ အခုမြင်နေရတယ်မှတ် ဘာဖြစ်လာတာလဲ ပြော မဟုတ်ရင် အိပ်ယာပေါ်က ကန်ချမှာ "
"အာ ဒီလိုပါ "
အိပ်ချင်စုံမွှား ဆံပင်တွေရှုပ်ထွေးနေပြီး မျက်လုံးကတဝက်သာပွင့်သေးတဲ့ သူ့ရှေ့မှာ သူမလက်ပိုက်ထားကာဆရာကြီးစတိုင်နဲ့ထိုင်နေလိုက်တယ်
"ကိုယ် ဆေးမိလာလို့"
"ထင်သားပဲ အဲ့လောက် လူစိတ်ပျောက်နေတာ ဆေးမိလာလို့ပေါ့ မဟုတ်ရင် ရှင့်ကိုချက်ချင်းငြင်းပစ်တယ် "
"ကိုယ့်မှာ အရင်က ရည်းစားရှိတယ် ကိုယ်တို့က ဆယ်နှစ်ကျော်တောင်တွဲလာတာ လက်ထပ်ဖို့အတွက် ငွေစုပြီးပြည့်ခါနီးနေပြီ မင်္ဂလာရက်သတ်မှတ်ပြီးတော့မှ သူက ယောကျာ်းနောက်လိုက်ပြေးသွားခဲ့တယ် အခုတော့ပြန်ရောက်လာပြီး ကိုယ်နဲ့ပြန်ပြေလည်ချင်တယ်တဲ့ ကိုယ်လဲငြင်းတာပါပဲ ဒါပေမဲ့ ကိုယ့်တအိမ်လုံးကသူမဘက်မှာ ငယ်ငယ်ထဲက သူတို့လက်ပေါ်ကြီးလာကြတာဆိုတော့ သူမကိုအရမ်းချစ်တာ ငယ်လေးချစ်သူရဲ့အမလဲဖြစ်တော့ သမီးလေးလိုချစ်ကြတာ အဲ့ဒါ မနေ့ညက တအိမ်လုံးလဲပျောက် သူမကလဲ ကိုယ့်ကိုဆေးခတ်လိုက်တယ် ဒါပေမဲ့ကိုယ်ကျိန်ရဲတယ် ကိုယ်သူမနဲ့ဘာမှမဖြစ်ခဲ့ဘူး တကယ်ပြောတာ "
ဆောင်းနှင်းဖြူ !
အပြင်ပန်းက ဖြူစင်သလိုရုပ်လေးနဲ့
YOU ARE READING
(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.
Romanceown creation mature content by alinkar nang ..A storm of love without hatred... သူမဘဝမှာ တစ်ယောက်ကိုသာပုံပြီးချစ်ခဲ့ဖူးတယ် အဲ့တစ်ယောက်ရဲ့လှည့်စားခြင်းကိုပဲသူမခံခဲ့ရတယ် ဒါကြောင့် မိုက်မိုက်ကန်းကန်းနဲ့ သူတဘဝလုံးကိုအေးဆေးမနေနိုင်အောင်လက်စားချေဖို့သူမဆု...