ch.37.zgi

343 7 0
                                    


Chapter.37.

ယခုရက်အတွင်း သူစိတ်များ အတော်အတန် ငြိမ်သက်နေတယ်လို့ပြောရမယ်

သူ့ရဲ့ညနေခင်းတိုင်းမှာ ကလေးတွေကိုသွားတွေ့ပြီး စကားစမြည်ပြောကာ တခါတရံမုန့်များပါဝယ်ပေးလေ့ရှိတယ်

ကလေးများကလဲ သူ့အပေါ်တဖြေးဖြေးခင်တွယ်လာတယ်လို့ခံစားရတယ်

အစက သူ့အပေါ် အနဲငယ်စိမ်းသက်နေကြပေမဲ့ အခုရက်ပိုင်း တော်တော်ပြေပြေပြစ်ပြစ်ရှိလာခဲ့တယ်

တခါတရံ သူကိုကြည့်တဲ့အကြည့်က အားကိုးမူ့လေးများပါ ပါနေတာကိုလဲ သူဝမ်းသာမဆုံးဖြစ်ရလေတယ်

တကယ်တော့

သွေးပူတုန်းသူပြောခဲ့တဲ့စကားတွေအားလုံးကို သူမလေး အမှတ်မထားရင်ကောင်းမယ်လို့တောင်သူတွေးမိသေးတယ်

ဖြစ်ခဲ့တာတွေကဖြစ်ခဲ့ပြီးပြီ

အဲ့ဒါတွေအားလုံးကိုမေ့ပြီး အသစ်ကပြန်စရင်ဘယ်လိုလဲလို့သူမေးကြည့်ချင်တယ်

ဒါပေမဲ့ ပြောသလောက်လဲမလွယ်ပါဘူး

သူကသာ ကျေနိုင်တယ် ချေနိုင်တယ်ပြောနေပေမဲ့ တကယ်တမ်းကျစိတ်ထဲမှာ အဲ့နေကအဖြစ်အပျက်ဟာ မီးတံဆိပ်ခတ်နှိပ်ထားသလိုကိုစွဲမြဲနေတော့တာ

သူအတွက်အချစ်ဆိုတာမျိုးက ရဖို့ခက်ခဲပြီး သိပ်ကိုတန်ဖိုးရှိပေမဲ့ ပုဇင်းတောင်ပံတခုလို အလွယ်တကူကျိုးပဲ့သွားတတ်တာမျိုးလေ

အခုအဖြစ်အပျက်ကိုပဲကြည့်

သူမလေးကို သူမေ့မရဘူး

မှန်တယ်

သူမလေးကိုသူချစ်နေတုန်းပဲ

မှန်ပါတယ်

သူမလေးနဲ့သူပြန်ပေါင်းစည်းချင်တယ်

အဲ့ဒါလဲမှန်တယ်

သူမလေးနဲ့သာယာတဲ့ဘဝတခုမှာ ဆံဖြူသွားကျိုးတဲ့အထိ နေသွားချင်တယ်

အဲ့ဒါကလဲမှန်တာပါပဲ

ဒါပေမဲ့ သူမလေးမျက်နှာကိုသူမတွေ့ချင်ဘူး

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now