chapter.23.uni

1.7K 68 6
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.23.

ရုတ်တရက် သူမထပြေးသွားတယ်

ဘာလို့လဲ???

သူမရှေ့လက်စွပ်ဘူးလေးကိုဖွင့်ပြလိုက်တာနဲ့ သူမပြေးထွက်သွားခဲ့တယ်

သူ့ကိုလှည့်မကြည့်ပဲပေါ့

လွန်ခဲ့တဲ့မိနစ်လေးတွေကမှ သူမပြုံးနေခဲ့သေးတာလေ

သူနဲ့စကားတွေပြောနေ‌ခဲ့သေးတာလေ

သူငုတ်တုတ်လေးထိုင်ပြီး လက်စွပ်ဘူးလေးကိုဖွင့်လိုက်တာနဲ့သရဲကိုတွေ့သွားသလို ထွက်ပြေးသွားခဲ့တယ်

သူမတော်တော်ဝေးဝေးရောက်နေပြီ

သူ မယုံနိုင်စွာငိုင်နေမိတုနး်

သူ ဆွံ့အစွာကျန်နေခဲ့တုန်းပဲ

အခုလိုထဖြစ်လာလိမ့်မယ်လို့ သူ့ရဲ့ရုပ်အဆိုးဆုံးအိမ်မက်တွေထဲမှာတောင်ထည့်မမက်ဖူးဘူး အပြင်လက်တွေ့မှာဆိုရင်ပိုတောင်ဆိုးပဲ

ဒါပေမဲ့လဲ သူသာဆက်ကြောင်နေရင်

အခုသာ လိုက်မသွားရင် သူတသက်လုံးနောင်တရနေတော့မှာ

"ကလေးလေး "

သူထရပ်လိုက်တယ် ပြီးတော့ သူမဆီပြေးသွားခဲ့တယ်

သူမလဲ ပြေးနိုင်သလောက်ပြေးနေတဲ့ပုံလေးပဲ

ဒါပေမဲ့ သဲထဲနစ်ဝင်နေတဲ့ဒေါက်ဖိနပ်လေးကြောင့် ဒုက္ခရောက်နေတဲ့ပုံပေါ်တယ်

သူကတော့ ကွာခြားတယ်

ရိုးရိုးလည်သာဖိနပ်ကိုပဲဝတ်ထားတာမို့ အထူးတလည်နစ်ဝင်မသွားဘူး

သူမ နောက်လှည့်ကြည့်ပြီး သူ့ကိုမြင်တော့ ဖြူ‌ဖျော့သွားပြီး ဒေါက်ကိုလွင့်ပစ်လိုက်ကာ အားကုန်ပြေးတော့တယ်

"ကလေးလေး နေဦး "

သူမဆက်ပြေးနေဆဲ

"ခေတ္တာချို !! "

သူ အစကတော့ အံဩမိရုံလေး

အခုတော့ တကယ်ကြီးဒေါသထွက်လာတယ်

သူမ သူ့ကိုထားခဲ့ချင်တာ

သူ့ကိုမလိုချင်တော့တာ ပိုသေချာသွားခဲ့တယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now