Final chapter . 50.
"ဦးကောင်း လမ်းခွဲကြရအောင် "
အခုရက်ပိုင်းသူမကြည့်နေတာ သူဘာလုပ်လုပ် စိတ်နဲ့လူနဲ့မကပ်ဘူး
စိမ်းသက်သက်ကြီးဖြစ်သွားသလို အေးစက်စက်ကြီးလဲဖြစ်သွားခဲ့တယ်
သူပြုံးပြနေတယ် အသက်မပါဘူး
သူရယ်ပြနေတယ် စိတ်ရှုပ်နေတာတွေကိုဖုံးကွယ်ပြီးတော့လေ
"မဟုတ် ......ဟင့်အင်း ....ကိုယ် လမ်းခွဲမပေးနိုင်ဘူး "
"........"
"ဘာဖြစ်လို့လဲ ဘာမှားနေလို့လဲ ကိုယ်ဘာလုပ်မိလို့လဲ "
"ဦးကောင်း အတိတ်ကိုပြန်သတိရနေပြီမဟုတ်လား "
"......."
ဟုတ်တယ်လေ ဒါပဲရှိတာ မဟုတ်ရင် ဘာများဖြစ်နိုင်သေးလို့လဲ
"တုံတုံ ပုံပုံကိုခေါ်ပြိး ကြီးမြနားသွားနေ သွား "
သူမ ကလေးတွေကို ကြီးမြနားသွားခိုင်းလိုက်တယ်
ဒါပေမဲ့ ..
"ဖေဖေ သမီးတို့ကိုထားခဲ့တော့မှာလားဟင် "
"မေမေ သားတို့ဖေဖေကိုအဝေးမနှင်လွတ်ပါနဲ့နော် "
"ဒီကလေးတွေ ဘာပြောနေတာလဲ သွား ကြီးမြနား သွား "
သူမ ကိုယ်ဝန်ရှိလို့စိတ်ဆတ်နေတာလားမသိ
တခါမှမအော်ဖူးတဲ့ကလေးတွေကိုတောင် စိတ်လွတ်ပြီးအော်လိုက်မိတယ်
ကလေးတွေက သူမအော်လိုက်လို့လန့်ပြီးငိုကြပါလေရော
ကလေးတွေငိုတာနဲ့ ချက်ချင်းပဲ သူက ဘယ်ညာပွေ့လိုက်ကာ
"ဖေဖေမသွားပါဘူး သားသာူနဲ့မီးမီးကိုထားခဲ့ပြီး ဖေဖေကဘယ်သွားရမှာလဲ မသွားဘူးနော် မငိုတော့နဲ့ တိတ်..တိတ် "
"အီးဟီးဟီး ဖေဖေမရှိပဲသားတို့မနေနိုင်ဘူး "
"ဖေဖေနဲ့ပဲ သမီးတို့တူတူနေမယ် အီးဟီးဟီး "
"ဖေဖေ မသွားပါနဲ့နော် သားတို့နဲ့ပဲတူတူနေနော် သားတို့ ကျောင်းမှာထပ်ပြီး အဖေမရှိတဲ့သားလို့အပြောမခံချင်တော့ဘူး "
YOU ARE READING
(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.
Romanceown creation mature content by alinkar nang ..A storm of love without hatred... သူမဘဝမှာ တစ်ယောက်ကိုသာပုံပြီးချစ်ခဲ့ဖူးတယ် အဲ့တစ်ယောက်ရဲ့လှည့်စားခြင်းကိုပဲသူမခံခဲ့ရတယ် ဒါကြောင့် မိုက်မိုက်ကန်းကန်းနဲ့ သူတဘဝလုံးကိုအေးဆေးမနေနိုင်အောင်လက်စားချေဖို့သူမဆု...