Extra .2.
"ဖေဖေ မုန့်ဖိုးပေး "
တစ်ယောက်တောင်းလိုက်တာနဲ့ ကျန်တဲ့သူတွေရောအကုန်တောင်းပါလိမ့်မယ်ကြည့်နေလိုက်
သူမတွေးလို့မပြီးသေးဘူး
"သားရော "
"သားရောနော် "
"သမီးရောနော် ဖေဖေ"
အကြီးနှစ်ယောက်က တက္ကသိုလ်တက်နေတဲ့အချိန် အငယ်လေးနှစ်ယောက်ကတော့ stateတက်နေကြတုန်း
"အေးပါကွာ ပေးမှာပေါ့ ပေးရမှာပေါ့ ပိုးပိုးရေ သမီးလေး အဖေရဲ့ပိုက်ဆံအိတ်ထဲက တစ်သောင်းတန် တစ်ယောက်တစ်ရွက်ပေးလိုက် "
အဲ့လိုပဲ သူ့ဆီမှာ ဘဏ္ဍာထိန်းတဲ့သမီးလေးကလဲရှိသေးတယ်တော်
သူမကတော့ သူတို့သားအဖတွေ တရုန်းရုန်းဖြစ်နေတာကို ဘာမှမပြောပဲ မျက်မှန်လေးပင့်ပြိးပဲကြည့်နေလိုက်တယ်
သူမကိုတော့ကလေးတွေကကြောက်ကြတယ်
သူ့အဖေဆိုရင်တော့အရုပ်ပဲ
အီခနဲချွဲလိုက်တာနဲ့ ပါသွားပြီမှတ်
အဲ့တော့ ကလေးတွေက သူ့ကိုပိုချစ်ပြီး သူမကိုတော့လေးစားကြတယ်
"ဖေဖေ ကျောင်းသွားပြိ မွ "
"မေမေကျောင်းသွားပြီ မွ "
အဖေအမေကို အာဘွားပေးပြီး ကျောင်းသွားကြတဲ့ကလေးတွေိက ကားတစ်စီးမှာစုပြီး ထွက်သွားကြတယ်
တက္ကသိုလ်တက်နေတဲ့ တုံတုံပုံပုံကို ကားဝယ်ပေးထားတာ အဲ့တော့ အငယ်နှစ်ယောက်ကျောင်းပို့ဖို့က အကြီးတွေရဲ့တာဝန်အဖြစ် အော်တိုမစ်တစ်ပြောင်းသွားခဲ့တယ်
နောက်တခုက ဦးကောင်းသျှင်နောင်ရဲ့ သဝန်တိုမူ့ကြီးပေါ့
တုံတုံနဲ့ပုံပုံက ကျောင်းမှာ အရမ်းနာမည်ကြီးတဲ့ အမြွှာလေးတွေဖြစ်တယ်
မေဂျာမတူကြပေမဲ့လဲ မောင်နှမနှစ်ယောက်ကစည်းလုံးကြတယ်
အဲ့တော့ မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် သူတို့နားမှာအချိန်ပြည့်ဝိုင်းနေကြတော့တာ
YOU ARE READING
(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.
Romanceown creation mature content by alinkar nang ..A storm of love without hatred... သူမဘဝမှာ တစ်ယောက်ကိုသာပုံပြီးချစ်ခဲ့ဖူးတယ် အဲ့တစ်ယောက်ရဲ့လှည့်စားခြင်းကိုပဲသူမခံခဲ့ရတယ် ဒါကြောင့် မိုက်မိုက်ကန်းကန်းနဲ့ သူတဘဝလုံးကိုအေးဆေးမနေနိုင်အောင်လက်စားချေဖို့သူမဆု...