chapter.2.uni

3.2K 105 0
                                    

အမုနး်ကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.2.

"အဲ့လောက်လွယ်လား စိတ်ဝင်စားစရာကိုမရှိဘူး "

သူမအေးစက်စွာနှာခေါင်းရှုံ့လိုက်တယ်

အဲ့လူ.... ကောင်းသျှင်နောင် ..

သူမကိုကြည့်နေတာ စူးရဲနေတာပဲ

ရုပ်ကလေးကြည့်ကောင်းတာကလွဲရင် မဟုတ်တာအကုန်ပတ်လုပ်နေလောက်တယ်

အဲ့လိုဆိုရင် ဖြတ်လမ်းနည်းနဲ့သူ့နှလုံးသားထဲကိုတချက်ထဲရောက်အောင် ခုန်ဝင်ပစ်ရမယ်

သူမနှုတ်ခမ်းတို့တွန့်သွားပြန်တယ်

အစီအစဉ်ချထားပေမဲ့ ငါးစာလာမဟပ်မှာစိုးရိမ်လိုက်ရတာ

အခုလိုပုံနဲ့တော့ ကွိခနဲနေအောင်ဖမ်းနိုင်မှာပဲ

သူမတွေးနေတုန်း ပခုံးဆီလှမ်းလာတဲ့လက်တဖက်ကိုရိပ်ခနဲတွေ့လိုက်တယ်

ဒါကြောင့်လဲ နှစ်ခါမစဉ်းစားပဲ တပတ်လှည့်ကာအဲ့လက်ကိုဒေါက်ချွန်နဲ့ထိုးစိုက်ပစ်တာပေါ့

"အားးးးး"

ပတ်ဝနး်ကျင်က ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တယ်

သူမအာရုံကတော့ တစ်ယောက်သောဆီမှာပဲလေ

ထိုလူက မတ်တပ်ထရပ်လိုက်ပြီး သူမကိုစိုးရိမ်နေရာမှ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့တယ်

နောက်တော့ ပြုံးလိုက်လေရဲ့

ဆိုးတော့မဆိုးဘူး

ဒီလူကပြုံးတော့ပြုံးတတ်သားပဲ

ပြီးတော့ ပြုံးရင် ပိုမိုက်ပြီးပိုခန့်သွားတယ်

သူမကိစ္စကိုမန်နေဂျာလာဖြေရှင်းပေးပြီးသွားတော့ သူမအပေါ်ထပ်ကိုတက်လာခဲ့တယ်

အခန်းယူပြီးသား

ထိုလုထထွက်သွားတာကိုလဲ သူမတွေ့လိုက်ပြီးပြီ

ဆိုတော့ အစီအစဉ်အရ ...

စကားသွားပြောရမဲ့အခန်းပဲ

သူမ toilet ကိုသွားမဲ့လမ်းမှာရှိတဲ့အခန်းမှာမှီထားကာ မျက်စိကိုအသာပိတ်ထားတယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now