chapter.15.uni

1.6K 75 6
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.15.

သူအရမ်းထွက်ပြေးချင်နေပြီ

ဘာကြောင့်မှနး်မသိ သူ့ရဲ့နေ့ရက်တွေကလုံးဝကို အေးအေးဆေးဆေးဖြစ်မနေဘူး

သူ့ဘဝတိုက်ပွဲဝင်နေတုနး်

သူ့ညီမရဲ့သတင်းဆိုးကြားလိုက်ရတယ်

မိုက်လိုက်တဲ့မိန်းကလေး

အလိုက်တဲ့မိန်းကလေး

နုနုနယ်နယ်သူ့ညီမကိုမှ လုပ်ရက်တဲ့ သူရိန်ကို သူစိတ်မထိန်းနိုင်ပဲ ထိုးနှက်ခဲ့မိတယ်

သုံးခါမြောက်ကိုယ်ဝန်ဖျက်ချခြင်းတဲ့လား

ဒါက ဘယ်လိုငရဲလဲ

တခါဖျက်ချတိုင်း တခါအသက်နဲ့နီးတယ်ဆိုတာမသိလျော့သလား

တကယ်လို့ သူရိန်နဲ့မရဘူးပဲထား နောက်တစ်ယောက်နဲ့ကြိုက်ဖို့ယူဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး

ဒီနေ့က သူတို့အိမ်ငရဲထဲကျတာပဲ

အမေကလဲငို သူတို့အမျိုးတွေအားလုံးဆီမှာလဲအရှက်ကွဲ

ပြီးတော့ အားလုံးက သတ်မယ်ချည်းပဲ

"ငယ်လေး နင်အရမ်းမိုက်တယ်ဟာ နင်ဆယ်တန်းမအောင်တုန်းကတောင်ကို‌ေလးအပြစ်မပြောခဲ့ဘူး အခု ဒီကိစ္စကိုစိတ်ထင်ရာလုပ်တာတော့ အရမ်းမိုက်တာပဲ နင့်အသက်ဘယ်လောက်ရှိသေးလို့ ဖျက်ချတာကိုသု့းခါတောင်လုပ်ရတာလဲ ဟမ် အမိုက်မ ငါ့ကိုပြောစမ်း ကလေးဖျက်ချတာ နင့်အကြံလား သူ့အကြံလား"

တချိန်လုံးငိုနေခဲ့တဲ့စံပယ်က သူရိန်ဦးကိုခိုးကြည့်လိုက်တယ်

သူမကတော့ရိုးရိုးလေးကြည့်တာနေမှာပေါ့

ဒါပေမဲ့။သူမလုပ်လိုက်တာက သူရိန်ဦးခေါင်းပေါ်ပုံချလိုက်သလိုဖြစ်သွားလို့ အကုန်လုံးရဲ့ဒေါသက သူရိန်ဦးအပေါ်ရောက်သွားပြန်တယ်

သူရိန်ဦးဆိုတာက ဒီအိမ်ကသားတပိုင်းလိုပဲ

သူ့ထမင်းစားဖို့ကိ္စ္စ ဒိအိမ်ကလုပ်ပေးတယ်

သူ့အဝတ်တွေ ဒီအိမ်ကလျော်ပေးတယ်

ဒီမှာအနေများတယ် ဒီအိမ်မှာစားတယ် တခါတလေ ဒီအိမ်မှာပဲအိပ်တယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now