chapter.5.uni

1.9K 84 1
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.5.

ကလေးဆန်တဲ့အငွေ့အသက်မကုန်သေးတဲ့ သူ့ရှေ့က ကလေးမလေးကိုကြည့်လိုက်တယ်

စူပွပွလေးနဲ့ရှိသမျှအစာအစာအကုန်သိမ်းကျုံးစားနေတဲ့ပုံက ဘယ်လိုချစ်ဖို့ကောင်းမှန်းမသိ

ကလေးကိုမုန့်ပေးကြိုက်တယ်လို့အပြောခံရမှာကိုလဲကြိုမြင်နေမိပြီ

ဟိုတနေ့က club မှာတွေ့တဲ့ပုံနဲ့ အခုလိုပုံဟာ လားလားမဆိုင် တိမ်စိုင်နဲ့နှင်းဆီလိုဖြစ်နေပေမဲ့ နှစ်မျိုးလုံးမှာသူမအရမ်းတော်တယ်ဆို‌တာတော့သူပြောနိုင်တယ်

သူမလေးရဲ့ကြီးမားတဲ့မျက်ဝန်းဝိုင်းကြီးတွေိကို အနားသတ်ကာကွယ်ထားတဲ့မျက်ခုံးကွေးလေးတွေက သူမလေးစိတ်မလိုမကျတဲ့အခါ ထောင့်ကျကျပုံစံလေးပြောင်းသွားတတ်တယ်

အဲ့အချိန်တိုင်းသူတွေးမိတာ

"အရမ်းလှတာပဲ"

"ဟမ် "

သူမလေးဆီက မျက်စောင်းတချက်ကျရောက်လာလို့ သူမနေနိုင် ပြုံးလိုက်မိတယ်

နှစ်ဆယ့်တစ် အရမ်းငယ်တာပဲ

သူနဲ့ဆို ဆယ့်နှစ်နှစ်တောင်ကွာတယ်

သူမလေးက သေးသေးလေး

သူက ကိုယ်လုံးထွားပြီး အရပ်ရှည်ကာ ကြီးကောင်ကြီးမားနဲ့

ဟိုညက သူဘယ်လိုစိတ်ကူးနြ့များ သူမကိုအနိုင်ကျင့်မိလိုက်ပါလိမ့်

ဒီခါးသေးသေးလေးကသူ့ရဲ့အလေးချိန်ကို ဘယ်လိုအင်အားနဲ့ခံယူနိုင်ခဲ့တာလဲ

အဲ့ညအကြောင်းတွေးလိုက်တာနဲ့ သူ့တကိုယ်လုံးပူထူသွားြပီး တနေရာကလဲသိသာစွာဖောင်းကားလာခဲ့တယ်

သူ့အပြစ်တွေပဲ

သောက်လေသောက်လေငတ်မပြေဆိုတဲ့စကားပုံအတိုင်း

တခ‌ါသောက်ဖူးတာနဲ့ သူတော့အငမ်းမရစွဲလန်းသွားခဲ့တော့တယ်

အဲ့ဒါမှပြသနာ

သူမလေးနဲ့နီးကပ်ဖို့အခုမှကြိုးစားခါစဆိုတော့ သူ့ရဲ့ဆန္ဒတွေကိုထုတ်ပြောလိုက်ရင် သူမလေးတော့ ထွက်ပြေးသွားတော့မှာ

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Wo Geschichten leben. Entdecke jetzt