chapter.43.uni

1.4K 60 0
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.43.

-ကျွန်မရှင့်ကိုမချစ်ဘူး သူ့ကိုပဲချစ်တယ် ကျွန်မရှင့်ကိုမုန်းတာ အရမ်းမုန်းတာ သူ့ကိုချစ်လို့ရှင့်နားကိုရောက်လာတာ -

"မဟုတ်ဘူး မဟုတ်ဘူး "

မဟုတ်ဘူး

မင်းသူ့ကိုမချစ်ရဘူး

ကိုယ့်ကိုပဲချစ်ပါ ကိုယ့်ကိုပဲချစ်ပါနော်

"ကိုယ့်ကိုပဲချစ်ပါ"

"ဦးကောင်းသျှင်နောင်! ! ဦးကောင်းသျှင်နောင် !! "

ခပ်ဝေးဝေး‌ကခေါ်လိုက်သလိုမျိုး တစုံတစ်ယောက်ရဲ့အသံကိုသူကြားနေရတယ်

"ဦးကောင်းသျှင်နောင်"

သူသိမ်းထားတဲ့အတိတ်ကဖြစ်ရပ်တချို့လား

အိမ်မက်ဆိုပေမဲ့ တကယ်ကိုနာကျင်ရပြီးမောပန်း‌ရတယ်

"အိမ်မက်ဆိုးတွေမက်နေတာလား ခနလေး ရေသွားခပ်ပေးမယ်နော်"

ဒီအခန်းလေးထဲမှာ သူရယ်သူမရယ် နှစ်ယောက်ပဲရှိတယ်

အိမ်မက်ထဲကခြောက်ခြားမူ့ထဲနစ်မြုတ်သွားတဲ့သူ့အတွက်ကတော့ ဒါက နှိပ်စက်မူ့ပါပဲ

အိမ်မက်ထဲမှာ အမျိုးသမီးတစ်ယောက် မျက်နှာကဝေဝါးနေပေမဲ့ ရင်းရင်းနှီးနှီးသိနေတယ်

အဲ့ခံစားချက်က အချစ်အမုန်းလွန်ဆွဲနေတဲ့ခံစားချက်လိုပဲ

မဟုတ်မှ

သူမကွယ်ရာမှာ သူဖောက်ပြန်ခဲ့တာများလား

အဲ့လိုကိစ္စတွေကြောင့်များ သူဒီလိုဖြစ်ရတာလား

သူသေချာမမြင်ရတဲ့အမျိုးသမီးကဘယ်သူများလဲ

သူ့ကိုယ်သူရွံရှာသလိုခံစားလိုက်ရတယ်

ဒီလိုချောမောတဲ့အမျိုးသမီးငယ်လေးနဲ့ အရမး်ချစ်ဖို့ကောင်းတဲ့ကလေးတွေရှိနေတာတောင် သူကဖောက်ပြန်နိုင်သေးတယ်လား

ကြည့်ရတာ သူတို့အိမ်ထောင်ရေးက သူထင်သလို အဆင်မပြေဘူးထင်တယ်

ဒါပေမဲ့အခုကြည့်ရ‌သလောက် သူမကအရမ်းတာဝန်ကျေပြီး သူ့ကိုလဲအရမ်းအလိုလိုက်တယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now