chapter.7.uni

1.9K 79 0
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.7.

"ပြန်လို့ရပြီ ဦးကောင်းသျှင်နောင် "

"ဒါပေမဲ့ ကိုယ်ဟင်းချက်ပေးဦးမယ် ကလေးလေးဗိုက်ဆာနေပြီဆို "

"မှာစားလိုက်မယ် "

"အဲ့ဒါတွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးလေ ကဲပါ စိတ်လျော့ပါ ကိုယ်ဟင်းချက်လိုက်ဦးမယ်နော် ခနလေးစောင့်"

သူမြင်နေရပါတယ်

သူမလေးမျက်ဝန်းတွေထဲကအမုန်းတွေကို

သူ့ဆီကိုဦးတည်နေတာမဟုတ်ပေမဲ့လဲ သူ့ကိုစိတ်မသက်မသာဖြစ်စေတယ်

ဒါကြောင့် သူမျလးအတွက် အဆင်ပြေမဲ့ဟင်းတချို့ချက်ပြုတ်လိုက်တယ်

"မွ ကိုယ်ပြန်တော့မယ်နော် ဆေးလိပ်တွေလဲအရမ်းမသောက်နေနဲ့ဦးနော် "

အခုထိစောင်ပုံထဲကမထွက်သေးတဲ့သူမလေးရဲ့နဖူးလေးကိုအနမ်းဖွဖွပေးကာ သူပြန်ခဲ့တော့တယ်

အိမ်ပြန်ရောက်ပြီး ရေချိုးပြီးတဲ့အထိ သူမလေးအကြောင်းပဲစဉ်းစားနေမိတုန်း

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပုံနဲ့ဆို

သူမလေးရဲ့အချစ်ကိုရဖို့ သူတော်တော်ကြိုးစားရဦးမှာပဲ

တဘက်နဲ့ခေါင်းသုတ်နေရင်း တာဝါသာဝတ်ထားတဲ့ ကောင်းသျှင်နောင် တစ်ယောက် အတွေးများနေတာနဲ့

အခနး်တံခါးဖွင့်ပြီးဝင်လာတဲ့ တစ်ယောက်သောသူကိုမမြင်လိုက်ဘူး

"ကောင်းသျှင်"

"ဆောင်းနှင်းဖြူ ? အခန်းထဲဝင်လာပြန်ပြီလား "

"ငါ ပြောစရာရှိလို့"

"မကုန်သေးဘူးလား "

"ငါ နင့်ဆီပြန်လာချင်တယ် "

"ဆောင်းနှင်းဖြူ နင်လူစကားနားမလည်သေးဘူးလား ငါပြောပြီးသားလေ နင့်ကိုငါလုံးဝစိတ်မဝင်စားဘူး ရှင်းလား ငါ့အခန်းထဲကထွက်သွား"

သူနောက်ကျောပေးလိုက်တယ်

မျက်နှာချင်းတောင်မဆိုင်ချင်တော့ဘူး

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Donde viven las historias. Descúbrelo ahora