chapter.11.zgi

432 9 0
                                    


Chapter.11.

သူရိန်ဉီးဆိုတဲ့ကျွန်တော်က ဘဝနာခဲ့တဲ့သူပါ

ရိုးရိုးသားသားဖိုးသခွားလေးဘဝကနေ လောကဓံရဲ့ရိုက်ချက်ကြောင့် ဒီနေ့လိုလူလည်ဖြစ်လာခဲ့ရတယ်

ဖြစ်လာမှာပေါ့ဗျာ

ကျွန်တော်သိခဲ့တယ်လေ

သင်ခန်းစာရခဲ့တယ်

ပိုက်ဆံ

ငွေဆိုတာ လူတိုင်းရင်ထဲကနတ်ဘုရား လူသားအားလုံးရဲ့အရှင်သခင်

တချို့လူတွေအတွက်တော့ မရဏမင်းပေါ့

သူသူကိုယ်ကိုယ် သိတတ်ချိန်ထိ သူအခန့်သားထိုင်စားပြီး ထမင်းကစားပွဲရှေ့အမြဲရောက်နေတတ်တဲ့သူဌေးသားတစ်ယောက်ပါ

ဟင်းချီးများပြီး အသားဟင်းပါမှစားတတ်တဲ့ အရွက်တွေသိပ်မစားတဲ့ဖက်တီးလေးတစ်ယောက်ပေါ့

တက်ကြွဖြတ်လတ်တဲ့ငယ်ရွယ်စဉ်ကျောင်းတက်ကာလမှာ စီးပွားပျက်လို့ အကြွေးတွေနဲ့ထွက်ပြေးသွားခဲ့တဲ့မိဘနှစ်ပါးဟာလဲ တကွဲတပြား မောင်နှမနှစ်ယောက်ထဲသာကျန်ခဲ့တဲ့ သူတို့ကလဲတကွဲတပြား

အားလုံးပြိုကျသွားခဲ့ပြီးပျက်စီးသွားခဲ့တာ ဒတင်္ဂလေးရယ်

ကုန်းရုန်းကာရိုးသားကြိုးစားရှာဖွေပေမဲ့ ကျောင်းပါထွက်လိုက်ရပြီး အလုပ်မျိုးစုံလုပ်ရတဲ့သူက တဖြေးဖြေးပိန်ကျလာပြီး ရုပ်ရည်ပေါ်လွင်လာခဲ့တယ်

ဟိုတယ်တခုမှာပန်းကန်ဆေးလုပ်ရင်း အတတ်ကောင်း‌တွေကိုတတ်ခဲ့တော့တာပေါ့

ဟိုတယ်ဆိုတဲ့အမျိုးကလဲညအခက်သား‌ဗျ

သန့်ရှင်းစင်ကြယ်တယ်သာအာမခံထားပေမဲ့ တကယ်တမ်းကျ ချီးတွင်းကိုဆင်သ‌ရေနဲ့ဖုံးတာမျိုးကိုး

အဲ့လိုနဲ့ ဟိုလူနဲ့တွဲသ‌ယောင် ဟိုသူဌေးမနဲ့တွဲသ‌ယောင်ယောင်နဲ့ golden digger ဖြစ်မှန်းမသိဖြစ်လာခဲ့တော့တယ်

အနေအစားချောင်ပြီး ရေလေးကလဲလျှံတော့အဲ့အလုပ်ကိုခပ်လွယ်လွယ်ပဲတွေးခဲ့မိတယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Donde viven las historias. Descúbrelo ahora