အမုန်းကင်းသောချစ်ခြင်းမုန်တိုင်း
Chapter.39.
"မိုးမာန် ငါ့ကိုလွတ်ပေးပါ ငါ ထပ် မထွက်ပြေးတော့ဘူးလေ တကယ်ပြောတာ"
မှောင်မိုက်လွန်းပြီး ကိုယ့်လက်ကိုယ်တောင်မမြင်ရတဲ့နေရာ
ဒါက ည မဟုတ်ပါဘူး
အင်း ညလဲ ဖြစ်ရင်ဖြစ်မှာပေါ့
ဘာကြောင့်လဲဆိုတော့ သူမဟာ နေ့ညမှန်းမသိနိုင်လောက်အောင် အခန်းငယ်ထဲမှာထည့်ထားခြင်းခံရလို့ပါ
ထွက်ပြေးဖို့ကြိုးစားလိုက်တိုင်း သူမ ဒီလိုအပြစ်ပေးခံရတာချည်းပဲ
သူမ အမေနဲ့ရော အဖေနဲ့ပါ မတွေ့ရတာ ခြောက်နှစ်ရှိခဲ့ပြီ
သူမမောင်လေးလဲ မတွေ့ရ အယုတ်ဆွဆုံး သူမဝမ်းနဲ့လွယ်မွေးထားတဲ့ ကိုယ့်ကလေးကိုတောင် မတွေ့ရတဲ့အခြေအနေမျိုးနဲ့ နှစ်တွေတော်တော်ကြာနေခဲ့ပြီ
အခုလဲ အမှောင်ခန်းထဲ သူမကိုသွတ်ထားပြန်ပြီ
"ငါ ကြောက်လို့ ငါတကယ်ကြောက်လို့ပါ ဒီတခါ ငါထွက်မပြေးတော့ပါဘူး ငါ့ကို ကလေးနဲ့ပေးတွေ့ ကလေးနဲ့နင်နဲ့ ငါနဲ့ အတူတူနေကြမယ်လေဟာ မိုးမာန် လူယုတ်မာ ငါပြောတာကြားလားလို့ "
"အဟွန်း ဆောင်းနှင်းဖြူ မင်းညာပြန်ပြီ မင်းကို အချုပ်အနှောင်ကလွတ်ပေးလိုက်တိုင်း ထွက်ပြေးဖို့ပဲကြိုးစားနေတာ ငါကဘယ်လိုယုံရမှာလဲ"
သူမ အနီးနားကကပ်ပြီးထွက်လာတဲ့လေသံဩဩကြောင့် သူမလန့်ပြီးခုန်ဆုတ်သွားလိုက်မိတယ်
တဆက်ထဲ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့လူကိုရိုက်ဖို့ သူမလက်တွေကိုပါဆန့်ထုတ်လိုက်တယ်
"သူ.......စား ငါ့ကိုအခုလွတ်ပေး"
"အဟွန်း ဆောင်းနှင်းဖြူ မင်းကကျားရဲမလေးပဲ ကိုယ်ကမင်းထွက်ပြေးဖို့လက်လျှော့သွားမှာတောင်ဆိုးနေတာ မဟုတ်ရင် ကိုယ်ပျော်ရွင်တာတွေလျော့သွားတော့မှာလေ"
" ချောက်"
မီးခြစ်သံကြားလိုက်ရပြီး အမှောင်ကမ္ဘာထဲမှာ မီးတောက်တခုက တိတ်တဆိတ်လင်းထင်းလာခဲ့တယ်
VOUS LISEZ
(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.
Roman d'amourown creation mature content by alinkar nang ..A storm of love without hatred... သူမဘဝမှာ တစ်ယောက်ကိုသာပုံပြီးချစ်ခဲ့ဖူးတယ် အဲ့တစ်ယောက်ရဲ့လှည့်စားခြင်းကိုပဲသူမခံခဲ့ရတယ် ဒါကြောင့် မိုက်မိုက်ကန်းကန်းနဲ့ သူတဘဝလုံးကိုအေးဆေးမနေနိုင်အောင်လက်စားချေဖို့သူမဆု...