chapter.35.uni

1.5K 77 6
                                    


အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.35.

သူ့ရှေ့ကမိန်းမကို သူနားမလည်စွာကြည့်နေမိတယ်

သူမရင်ခွင်ထဲက ကလေးတွေကိုယူသွားမှာလဲမဟုတ်ပဲနဲ့

ဘာလို့ဒီလောက်ထိ အသံအသန်ငြင်းနေမှန်းမသိ

သူမသာ ခေါင်းငြိမ့်လိုက်တာနဲ့ သူအမုန်းတွေအားလုံးပစ်ချပြီး သူမနဲ့ဆက်ဆံရေးပြန်ကောင်းအောင် အားလုံးလုပ်ပေးဖို့ဆန္ဒရှိပါတယ်

သူ့ရဲ့အမုန်းတွေက သူမဟာ သူ့ကလေးတွေကို‌ေကာင်းမွန်စွာပြုစုပေးထားတာနဲ့ကျေလိုက်လို့ရတာပဲလေ

ဒါကိုဘာလို့ အသည်းအသန်ငြင်းနေမှန်း လုံးဝကိုစဉ်းစားလို့မရဘူး

သူ့စိတ်ထဲ အတွေးတခုဝင်သွားခဲ့တယ်

သူရိန်ဦးကိုပဲချစ်တာလား

သူ့ကလေးတွေကိုမွေးခဲ့ပေမဲ့လဲ

သူမနှလုံးသားထဲမှာတော့ သူအတွက်နေရာကလစ်ဟာနေဆဲလား

ဒါကဘယ်လိုဗရမ်းဗတာတွေလဲ

သူ့ကလေးတွေကိုတော့မွေးထားပြီး သူမနှလုံးသားထဲမှာတော့ တခြားတစ်ယောက်ကိုထည့်ထားတယ်

အဲ့လိုဆိုရင် သူ့ကလေးတွေကိုဘာလို့မွေးခဲ့‌သေးလဲ

ကောင်းပြီ သူမက သူမဘဝထဲထပ်ဝင်လာဖို့ ခွင့်မပြုဘူးဆိုရင် သူကလဲ သူမရင်ခွင်ထဲကနေ အဲ့ကလေးတွေကိုဆွဲထုတ်ရလိမ့်မယ်

အဲ့ဒီအခါ မင်းပါးစပ်က အရိုးသားဆုံးပြောဖို့ကိုပဲမျော်လင့်နေပါမယ်

"အဟွန်း ခတ္တာချို မင်းနှလုံးသားကတော်တော်ကြီးတာပဲ လူနှစ်ယောက်ကိုတောင်ဆ့့ံတယ်ဆိုတော့ ကောင်းပြီလေ ဒါဆိုလဲ ကိုယ်တို့တရားရုံးမှာတွေ့ကြရုံအပြင် မရှိတော့ဘူးပေါ့"

သူမကိုကျောခိုင်းလာခဲ့တယ်

တကယ်က သူမမျက်နှာလေးကိုပဲငေးပြီး အကြာကြီးကြည့်နေချင်သေးတာ

ဒါပေမဲ့

သူသာ အဲ့လိုပြူမူလိုက်ရင် သူမလှောင်နေမယ်ဆိုတာကျိန်းသေတယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Where stories live. Discover now