chapter.33.uni

1.4K 72 2
                                    

အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်း

Chapter.33.

ဂမုန်းပွင့် market မှာ သူယောင်လည်လည်ဖြစ်လို့နေတယ်

နောက်ဆုံးတော့ တနေရာမှာထိုင်လိုက်ရင်း ဖုန်းသုံးနေလိုက်တယ်

WiFi bill လာဆောင်တဲ့သူငယ်ချင်းတွေနဲ့လိုက်လာပြီးမှ အဲ့နေရာမှာ လူတွေကလဲများတာနဲ့ သူ‌ပြန်ထွက်လာခဲ့တာ

အခုတော့ ဒီလိုအခြေအနေမျိုးဖြစ်နေတာပေါ့

"ဦးဦး ဒါသားနေရာ"

"ဟင်?"

သူငုံ့ကြည့်လိုက်တယ် ငါးနှစ်ကျော်လောက်ပဲရှိတဲ့ကလေးလေးတစ်ယောက်က သူနဲ့ရွယ်တူသာရှိတဲ့ကလေးမလေးလက်ကိုတွဲထားကာ သူ့ကိုမော့ကြည့်လို့နေတယ်

ပယင်းရောင်မျက်ဝန်းလေးပြူးပြူးဝိုင်းဝိုင်းလေးတွေက သူအသည်းကိုယားစေတယ်

"ဒီနေရာက သားသားပိုင်တာလား"

"ဟုတ်ဘူး ဒ‌ါပေမဲ့ သားအရင်နေရာဦးထားတာလေ "

"ဘေးမှာနေရာအလွတ်ရှိတယ်လေ"

"သားတို့က အရပ်ပုသေးတေ့ာ ဒီကပဲတက်လို့ရတာ"

သူကြည့်လိုက်တော့ ခုံပုသေးသေးလေးက သူ့ဘေးမှာရှိနေတာ

"ဘေးကိုရွှေ့ပေးမယ်နော်"

"ကျေးဇူးပါဦးဦး လာ ပုံပုံ ဒီကနေတက်"

သူဘေးကိုနေရာရွေ့ပေးလိုက်တယ်

ပြီးတာနဲ့ ဖုနး်ဆက်မကိုင်တော့ပဲ

အဲ့ကလေးနှစ်ယောက်ကိုသေချာကြည့်နေမိတယ်

စိတ်ထဲလဲ စိမ်းသက်မနေပဲ တမျိုးလေး

ရင်းနှီးမူ့ကိုခံစားရတယ်

ကလေးမလေးကလဲ အရမ်းချစ်ဖို့ကောင်းတယ် အထူးသဖြင့် မျက်လုံးနက်နက်လေးတွေက သူ့တနေရာမှာတွေ့ဖူးနေသလိုပဲ

တော်တော်ကိုရင်းရင်းနှီးနှီးရှိနေတယ်

"ကလေးတို့ အမေအဖေမပါဘူးလား"

"မေမေပဲပါတယ် ‌"

သူတို့လေးတွေမျက်နှာညိုးသွားခဲ့လေတယ်

(Complete)အမုန်းကင်းတဲ့ချစ်ခြင်းမုန်တိုင်းA Storm Of Love Without Hatred Oc.Nl.Место, где живут истории. Откройте их для себя